မှော်ဆန်တဲ့ #JustLegolasThings collection

Lord Of The Rings နဲ့ Hobbit ရုပ်ရှင်တွေကို ကြည့်ဖူးတဲ့ပျိုတိုင်း မြှားပစ်တဲ့နေရာမှာ အရမ်းကိုကျွမ်းကျင်တဲ့ Legolas ကိုသိကြမှာပါနော်။ ပြီးတော့ Legolas နေရာကသရုပ်ဆောင်တဲ့မင်းသား Orlando Bloom ဆိုတာလည်း မင်းသားချောတစ်ယောက်ဆိုတော့ Legolas ရဲ့ fan ပျိုလေးတွေလည်းရှိမှာမလွဲတာကြောင့် Shiro Cosmetic ကနေထုတ်လုပ်လိုက်တဲ့ ဒီ #JustLegolasThings ဆိုတဲ့ eyeshadow collection လေးကို ဖော်ပြပေးမယ်နော်။

ပထမဆုံးအနေနဲ့ Shiro Cosmetic ရဲ့ အကြောင်းလေးလည်း နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ Shiro Cosmetic ဆိုတာ Anime နဲ့ရုပ်ရှင်ပရိသတ်တွေအကြိုက် Theme အမျိုးမျိုးနဲ့ မိတ်ကပ် collection တွေကို ဖန်တီးလေ့ရှိတဲ့ Cosmetic brand ဖြစ်တာကြောင့် အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ brandတစ်ခုလည်းဖြစ်ပါတယ်။ အခုဒီ #JustLegolasThings eyeshadow collection လေးကိုလည်း packaging ကအစ Legolas ရဲ့ ပုံနဲ့လုပ်ထားတဲ့အတွက် Legolas fan တွေအတွက်ကတော့ အတိုင်းထက်အလွန်ပါ။

ဒီ eyeshadow collection မှာ အရောင်၅မျိုးပါဝင်ပြီးတော့ အရောင်လေးတွေရဲ့နာမည်ကိုလည်း Legolas theme နဲ့လိုက်ဖက်စွာပဲ A Red Sun Rises, The Stars Are Veiled, A Shadow and A Threat, A Fell Voice on The Air နဲ့ Full of Memory and Anger လို့ပေးထားတာကိုတွေ့ရမှာပါ။

အရောင်တစ်ခုချင်းစီကို မိတ်ဆက်ပေးရရင်တော့ A Red Sun Rises က Merlot base ကိုမှ အပြာရောင် shimmer နဲ့ ခရမ်းရောင် အလက်လက်လေးတွေပါဝင်ပါတယ်။ The Stars Are Veiled ကတော့ နက်ပြာရောင်ရင့်ရင့်ကိုမှ Indigo နဲ့ရွှေရောင် sparkles လေးတွေပါဝင်တာကြောင့် တစ်ကယ့်ကို ကြယ်တွေစုံတဲ့ညကောင်းကင်နဲ့တူပါတယ်။ A Shadow and A Threat ကတော့ ပင်လယ်ပြာရောင်ကိုမှ ခရမ်းနုရောင်အရောင်ပြေးလေးတွေနဲ့ အပြာရောင် glitter လေးတွေပါဝင်တာကြောင့် mermaid ဆန်ဆန်အရောင်ကိုကြိုက်တဲ့ပျိုတွေအတွက် သင့်တော်မှာပါ။ A fell voice on the air ကတော့ ခရမ်းရောင်တောက်တောက်ကိုမှ စိမ်းပြာရောင်အရောင်ပြေးတွေနဲ့ ရွှေရောင်အလက်လက်လေးတွေပါတာကြောင့် အရောင်စပ်အရမ်းကိုလှပါတယ်။ အစိမ်းရောင်ကြိုက်တဲ့ပျိုတွေကတော့ ဒီ metallic green base ကိုမှ သံလွင်သီးရောင် shimmerနဲ့ gold glitter တွေရောထားတဲ့ Full of memory and anger ကို အကြိုက်တွေ့မှာမလွဲပါဘူး။

ဒီ #JustLegolasThings collection ကအရောင်တွေလည်းဆန်းသလို သယ်ကူရလွယ်တဲ့ ဘူးsizeလေးတွေလည်းဖြစ်တာကြောင့် အသစ်အဆန်းလေးတွေကို စမ်းသုံးချင်တဲ့ပျိုတွေအတွက်ရော Legolas fan တွေအတွက်ပါ လက်မလွတ်သင့်တဲ့ collection လေးတစ်ခုဖြစ်တယ်လို့ညွှန်းလိုက်ရပါတယ်နော်။

 

References: beautyloon.com

Photo references : shirocosmetics.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password