SK-II ရဲ့ အမိုက်စား SK-II Facial Treatment Essence

SK-II ဆိုတာနဲ့ Skin Care တွေထဲက ထိပ်ဆုံး Brand တစ်ခု ဆိုတာကိုတော့ အထူးတလည် ထပ်ပြီး ပြောပြစရာ မလိုလောက်အောင်ကို Cosmetic ချစ်သူတိုင်း သိထားပြီးသား ဖြစ်ပါတယ်။ ဒီတစ်ခါတော့ မျက်နှာအသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်မယ့် ပျက်စီးနေတဲ့ဆဲလ်တွေကို ဖယ်ရှားပြီး ကြည်လင်တဲ့မျက်နှာလေးကို ရယူလိုက်နိုင်ဖို့ SK-II Facial Treatment Essence လေး အကြောင်းကို Cosmetic Myanmar က ပြောပြပေးချင်ပါတယ်။

နှစ်ပေါင်း ၃၅ နှစ်ကျော်တဲ့ နာမည်ကောင်းတွေနဲ့ ရပ်တည်နေပြီး ရောင်းအား အကောင်းဆုံးနဲ့ မြင့်မားတဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ SK-II Facial Treatment Essence မှာက Pitera 90 % ပါဝင်တဲ့အတွက် အသားအရေကို ရှုထောင့် ၅ ဘက်ကနေ အထိတောင် ကြည်လင်နေတဲ့အသွင်မျိုး ဖြစ်ပေါ် လာစေနိုင်တဲ့အထိ အသားအရေ အတွင်းဆုံး အလွှာအထိကိုတောင် ပြောင်းလဲ ပေးစေနိုင်တဲ့အစွမ်းရှိပါတယ်။

ကောင်းကျိုးတွေအနေနဲ့ကလည်း

• အသားအရေကို ပိုမို ကြည်လင် စေပြီး ဆဲလ်သစ်တွေကို ပြန်လည် ဖြစ်ပေါ်စေနိုင်ပါတယ်။
• အစက်အပျောက် ဖြစ်ပေါ်မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရာသီဥတုကြောင့်ပဲ ဖြစ်ဖြစ် နေရောင်ကြောင့်ပဲ ဖြစ်ဖြစ် မျက်နှာကို သန့်ရှင်းအောင် မထားမိလို့ပဲ ဖြစ်ဖြစ် ဖြစ်ပေါ်လာနိုင်တဲ့အမည်းစက်တွေကို ပျောက်ကင်းစေနိုင်ပြီး ထပ်မံ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
• အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အရေးအကြောင်းတွေကိုလည်း မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါသေးတာကတော့ SK-II Facial Treatment Essence ကို ပိုပြီး ရွေးချယ်စေနိုင်တဲ့အချက်တွေအထဲက တစ်ချက်ပါပဲ။
• အသားအရေကို ကြည်လင်စေနိုင်ရုံသာမကဘဲ တင်းရင်းလှပပြီး ချောမွေ့လာစေနိုင်ပါသေးတယ်။
• SK-II Facial Treatment Essence ကတော့ ရေဓါတ်ပါဝင်မှုများတဲ့ အမျိုးအစား ဖြစ်တာကြောင့် လိမ်းလိုက်တဲ့အချိန်မှာလည်း အသားအရေ အထဲကို အလွယ်တကူ စိမ့်ဝင်သွားစေနိုင်တဲ့အတွက် လိမ်းပြီး စီးကပ်နေတာမျိုးကို မဖြစ်ပေါ်စေနိုင်ပါဘူး။

ဈေးနှုန်းအနေနဲ့ကတော့

75 ml ကို ၁၃၅၀ဝ၀ ကျပ်
75 ml ကို ၂၂၅၀ဝ၀ ကျပ်
150 ml ကို ၃၁၂၀ဝ၀ ကျပ်
230 ml ကို ၃၉၅၀ဝ၀ ကျပ် ဆိုပြီး ခန့်မှန်းခြေ ရှိပါတယ်။ ဒီဈေးတွေကတော့ အမေရိကန် ဒေါ်လာဈေး အတက်အကျ အပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

Image Source: www.skii.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password