Skinny က ထုတ်လုပ်ထားတဲ့ ချစ်စရာကောင်းတဲ့ဆိုဒ်လေးနဲ့ Liquid Black Eyeliner

မိန်းကလေးရယ်လို့ ဖြစ်လာရင်တော့ မျက်နှာ ပြောင်နဲ့ နေလို့ အဆင်မပြေတာများပါတယ်။ မျက်နှာမှာ သဘာဝဆန်တဲ့မိတ်ကပ်ပါးပါးလေးနဲ့ ညက်ညက်လေး ဖြစ်နေတာမျိုးကတော့ ဘယ်သွားသွား ဘာလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ ပြည့်နေစေမှာပါ။ ဒီတစ်ခါတော့ Cosmetic Myanmar ရဲ့ ပျိုမေလေးတို့ကို ပြောပြပေးချင်တာကတော့ Skinny က ထုတ်လုပ်ထားတဲ့ ချစ်စရာကောင်းတဲ့ဆိုဒ်လေးနဲ့ Liquid Black Eyeliner အကြောင်းပါ။

မျက်ဝန်းလေးတွေ နက်နက်လေးနဲ့ မျက်နှာကို ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှု ပြည့်နေမယ့် မျက်ဝန်းလေး တစ်စုံကို ဖန်တီးချင်ပါသလား။ မျက်လုံးတွေက နက်ပြီး မြင်သူတိုင်းကို လည်ပြန်ငေးစေမယ့် မျက်ဝန်းလေးလား။ ပင်ကိုယ် မျက်လုံးလေးက မှေးနေလို့၊ မျက်ရစ် မပေါ်လို့ မိတ်ကပ်ပြင်ရင် မျက်လုံးလေးတွေ မလှနေမှာ စိုးရိမ်နေမယ် ဆိုရင်တော့ ဒီ Eyeliner လေးကို ရွေးချယ်လိုက်ရုံပါပဲ။

Skinny တံဆိပ်ကနေ ထုတ်လုပ်တားတဲ့ Eyeliner လေးကတော့ အရည် အမျိုးအစား ဖြစ်တဲ့ Pen ပုံစံ ဖြစ်တာကြောင့် အိတ်ဆောင်သယ်သွားဖို့လည်း အဆင်ပြေသလို အသုံးပြုတဲ့အချိန်မှာလည်း ချောချောမွေ့မွေ့နဲ့ အသုံးပြုရ လွယ်ကူပါတယ်။ အရည် ဖြစ်တာကြောင့်လည်း ကိုယ်လို သလို ကြီးကြီး ဆွဲချင်ရင်လည်း ဆွဲလို့ ရသလို သေးသေးလေး ဆွဲချင်ရင်လည်း အဆင်ပြေတဲ့အတွက် ကိုယ်ကြိုက်သလို ပုံဖော်ဖို့အတွက် အလွယ်လေးပါ။

ကြာရှည်ခံတဲ့နည်းကို အသုံးပြုပေးထားတာကြောင့် အလွယ်တကူလည် မပျက်နိုင်ပါဘူး။ မနက်တည်းက ဆိုးထားရင် ညနေ အထိကို မပျက်ဘဲ ဆိုးစက အတိုင်းလေး ရှိနေပေးမှာ ဖြစ်တဲ့အတွက် ညနေအထိ မခံမှာ၊ မနက်တည်းက လိမ်းထားတဲ့ Eyeliner တွေက ညနေကျရင် ပန်ဒါ မျက်လုံးလေးတွေလို ပွလာပြီး မျက်လုံး ပတ်လည် မည်းမည်းကြီး ဖြစ်နေမှာကို စိုးရိမ်စရာ မလိုပါဘူး ။

Pen အရွယ်အစားကိုလည်း သေးသေးလေးနဲ့ ကိုင်ရ ပြုရ လွယ်အောင် ပြုလုပ်ပေးထားတာ ဖြစ်တဲ့အတွက်လည်း ပိုလို့တောင် အဆင်ပြေပါသေးတယ်။ ဒါကြောင့် အလှဆုံး မျက်ဝန်းလေး တစ်စုံကို ဖန်တီးနိုင်ဖို့ ပြောပြပေးလိုက်ရပါတယ်နော် ။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password