လှပတဲ့ Crazy Color ရောင်စုံလေးတွေ ပါဝင်တဲ့ Eyeshadow Palette

အခုမိတ်ဆက်ပေးချင်တဲ့ Eyeshadow Palette လေးကတော့ Sleek ကထုတ်လုပ်ထားတဲ့ I-DIVINE EYESHADOW PALETTE ဆိုတဲ့ Palette လေးဘဲ ဖြစ်ပါတယ်။ ဒီ Palette လေးကတော့ တစ်ဘူးနဲ့တစ်ဘူး Color ပါတာခြင်းမတူအောင် ၂၃ ဘူးထုတ်လုပ်ထားတာဖြစ်ပြီး ၁ဘူးကို အရောင် ၁၂ ရောင် ပါ,ပါတယ်။ Nude Color ကြိုက်တဲ့သူတွေလည်း Nude Color Palette မျိုးစုံရောင်စုံရှိသလို Crazy Color တောက်တောက်လေးတွေလည်း မျိုးစုံရောင်စုံရှိပါတယ်။ နောက်ပြီးတော့ Crazy Color နဲ့ Nude Color တွဲထားတဲ့ Palette လေးတွေလည်းရှိတာမို့ မိမိကြိုက်နှစ်သက်တဲ့ အရောင်ပါတဲ့ Palette ကို ရွေးပြီးဝယ်နိုင်ပါတယ်။

       

Pigmentation အရမ်းကောင်းလို့ တော်တော်များများကြိုက်နှစ်သက်ခဲ့တဲ့ Palette လေးတွေ ဖြစ်ပါတယ်။ အသားတော်တော်လေးကို နူးညံ့တဲ့ powdery type ဖြစ်ပါတယ်။ One swipe နဲ့တင် သိသိသာသာကို အရာင်ထွက်နေတာ တွေ့ရမှာပါ။ ဥပမာ- ပန်းရောင်ဆိုရင်လည်း Bright Pink လိုမျိုး အစိမ်းရောင်ဆိုရင်လည်း Neon Green လိုမျိုး အရောင်တောက်တောက်တွေ ဖြစ်ပါတယ်။ Long lasting လည်းဖြစ်လို့ ရှိထားသင့်တဲ့ ပစ္စည်းလေးလည်းဖြစ်ပါတယ်။ Highlight အနေနဲ့ အသုံးပြုရင်လည်း အဆင်ပြေစေပါတယ်။ Eyeshadow အနေနဲ့သုံးတဲ့အခါမှာလည်း သူရဲ့ Radiant effect တွေဟာ တကယ်ကိုကောင်းလွန်းတာကြောင့် ရှိထားသင့်ပါတယ်။ Smoky Eye လို Make Up Look ကြိုက်တဲ့သူတွေအတွက်လည်း အရောင်လေးတွေ အများကြီးသုံးလို့ရတဲ့ Palette မျိုးတွေလည်းရှိပါတယ်။ shimmery ပါတာကိုမှ လိုချင်တဲ့သူတွေအတွက်လည်း  shimmery ပါတာလေးတွေလည်း ရနိုင်ပါသေးတယ်။ အကယ်၍ Eyeshadow မသုံးချင်တဲ့ နေ့မျိုးတွေဆို Eye liner အဖြစ်အသုံးပြုချင်လည်း ရပါတယ်။

             

     

Packaging အကြောင်းပြောရရင်တော့ ပါးလွှာလွန်းတဲ့ Palette လေးဖြစ်တာကြောင့် သွားလေရာကို အလွယ်တကူ သယ်ဆောင်သွားလို့ ရပါတယ်။ ကဲ…ဒါဆိုရင်တော့ Eyeshadow Palette အသစ်ဝယ်ဖို့စဉ်းစားနေတဲ့ သူတွေရှိရင်တော့ အခုဘဲ ဒီ Palette လေးကို မှတ်ထားပေးပါလိုက်နော်။

 

Image Source : https://www.facebook.com/SleekMakeUP

http://www.sleekmakeup.com/eu

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password