လိမ်းထားတဲ့ မိတ်ကပ်တွေ ကြာရှည်ခံပြီး အရောင်ကျမသွားစေရန်

တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်တွေ ရေဓာတ်ခမ်းခြောက်ပြီး မိမိရဲ့မျက်နှာ fresh ပြန်ဖြစ်ဖို့ဆိုရင် Primer ကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်တွေ အရောင်ကျမသွားဖို့အတွက်လည်း Primer ကပဲ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုမိတ်ဆက်ပေးချင်တဲ့ Primer လေးကတော့ အားလုံးအတွက် အဆင်ပြေလိမ့်မယ်လို့  ယုံကြည်ပါတယ်။

   

ဒီ Primer လေးကတော့ Smashbox ကထုတ်တဲ့ Photo Finish Primerizer ဆိုတဲ့ ပစ္စည်းလေးပါ။ သူကတော့ ၁ကြိမ် အသုံးပြုပေးလိုက်တာနဲ့ Moisturizer ရော Make Up Primer အတွက်ပါ ရရှိစေမှာဖြစ်ပါတယ်။ ၂၄ နာရီကြာ ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်တာဖြစ်လို့ အသားခြောက်တတ်တဲ့ သူတွေအတွက် အရမ်းကိုအဆင်ပြေစေပါတယ်။ ပြီးတော့ မိတ်ကပ်အရောင်ကျမသွားအောင်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ သူ့ကို အသုံးပြုရတဲ့အခါမှာ ခြောက်သွေ့မှုမြန်လို့ စိုထိုင်းထိုင်းကြီး ဖြစ်နေမှာလည်း မပူရပါဘူး။ နောက်တစ်ခုက သူ့ကိုသုံးတဲ့အခါ စေးကပ်ကပ်ကြီးဖြစ်မနေလို့ အသုံးပြုတဲ့သူကို စိတ်အနှောင့်အယှက်လည်း မဖြစ်စေနိုင်ပါဘူး။ Sensitive Skin သမားတွေပါ အသုံးပြုလို့ရပါတယ်။

အသုံးပြုပုံကတော့ မိတ်ကပ်မလိမ်းခင် သူ့မှာပါတဲ့ Pump လေးနဲ့ တစ်စက်နှစ်စက်လောက် လက်ပေါ်ယူပြီး မိမိရဲ့မျက်နှာတဝိုက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ Moisturizer အဖြစ်အသုံးပြုနိုင်ပါတယ်။ မျက်နှာကိုမိတ်ကပ်တွေ အားလုံးလိမ်းပြီးတဲ့အချိန်မှာ မိတ်ကပ်ရဲ့ အရောင်၊ ရေဓာတ်နဲ့ အပြစ်အနာဆာကင်းတဲ့ မိတ်ကပ် Look ကို ရရှိမှာ ဖြစ်ပါတယ်။

ဒါဆို မိမိရဲ့ လိုအပ်နေတဲ့ Cosmetic list ထဲမှာ Photo Finish Primerizer လေးပါ ထည့်ထားလိုက်တော့နော်။

 

Image  Source : https://www.facebook.com/smashboxcosmeticsuk

http://www.smashbox.co.uk

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password