
အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ မြန်မာပြည်အဝှမ်းရောင်းကောင်းပြီးလူကြိုက်များနေတဲ့ SON&PARK ရဲ့ Beauty Water နဲ့မိတ်ဆက်ပေးမယ်နော်။ ဒီ Beauty Water လေးဟာဆိုရင်ဖြင့် toner အနေနဲ့လဲလုပ်ဆောင်နိုင်ပြီး skincare အဆင့်အနေနဲ့အခြေခံအကျဆုံးအဆင့်မှာပါဝင်ပါတယ်။ ဒီပစ္စည်းလေးမှာဆိုရင် သင်္ဘောသီးအဆီအနှစ်တို့လည်းပါဝင်တာမို့ အသားအရေရှိဆဲလ်သေများကိုဖယ်ရှားပေးပြီးပိုမိုကြည်လင်ချောမွတ်တဲ့အသားအရေကိုဖန်တီးပေးပါတယ်။ လာဗန်တာရေ၊ နှင်းဆီရေ နဲ့လိမ္မော်သီးအဆီအနှစ်တို့နဲ့လည်းပေါင်းစပ်ဖော်စပ်ထားတာကြောင့်အသားအရေရှိရေဓာတ်ကိုထိန်းသိမ်းပေးပြီး မိတ်ကပ်လိမ်းတဲ့အခါပိုမိုချောမွေ့လာစေရန်ကူညီပေးပါတယ်။
အသုံးပြုတဲ့အခါ cotton pad လေးထဲပမာဏအနည်းငယ်ထည့်ပြီးဖြည်းညင်းစွာမျက်နှာအနှံ့ပွတ်ပေးပါ။ မျက်နှာအတွင်းဆုံးပိုင်းအထိသန့်ရှင်းပေးတာကြောင့် ကြေးညှော်တွေ cotton pad ထဲမှာပါလာတာကိုတွေ့ရမှာပါ။ အသုံးပြုတဲ့အခါမျက်နှာအတွင်းမှအပြင်သို့ဆွဲ၍အသုံးပြုပေးပါ။ အကယ်၍ waterproof မိတ်ကပ်တွေကိုဖျက်ချင်တယ်ဆိုရင် cotton pad လေးကို မျက်နှာအနှံ့ ၁၀ စက္ကန့်အထိပွတ်တိုက်ပေးပါကမျက်နှာသစ်စရာမလိုအောင်သန့်ရှင်းပေးနိုင်ပါတယ်။
မနက်ထတဲ့အခါဆပ်ပြာနဲ့မသစ်ဘဲ ဒီ Beauty Water လေးကိုအသုံးပြုပြီးမနက်ထတဲ့အခါမျက်နှာသစ်တဲ့အနေနဲ့အသုံးပြုလို့ရပါတယ်။ ရလဒ်အနေနဲ့နုပျိုတဲ့အသားအရေကိုပိုင်ဆိုင်ရမှာပါ။ အသုံးပြုပြီးတဲ့အခါမှာလည်းလန်းဆန်းတက်ကြွမှုကိုခံစားရတဲ့အတွက်ကြောင့် ဒီ Beauty Water ဟာဆိုရင်တော့လူတိုင်းအတွက်မရှိမဖြစ်ပါပဲနော်
Image Source : www.en.sonandpark.com
https://www.facebook.com/sonandpark.malaysia