ST.Ives ကထုတ်လုပ်လိုက်တဲ့ Eye Mask အသစ်…..

အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ST.Ives ရဲ့ Product အသစ်လေး Eye Masks တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ရေဓာတ်ကို အဓိကထားဖြည့်တင်းပေးမယ့် Hydrating Eye Mask နဲ့ မျက်ဝန်းတဝိုက်ကို အေးမြစေပြီး အားပြန်ဖြည့်ပေးမယ့် Soothing Eye Mask ဆိုပြီး ၂ မျိုးထုတ်လုပ်ထားပါတယ်။

Hydrating Eye Mask မှာ ရေဓာတ်အပြည့်အဝပါတဲ့ ရှားပါး ကန္တာရရှားစောင်းပင် နဲ့ ခေါင်းရန်းတို့ရဲ့ အဆီအနှစ်ကို အဓိကအသုံးပြုထားပါတယ်။ မျက်ဝန်းတဝိုက်ရေဓာတ်ကို ဖြည့်တင်းပေးပြီး နူးညံ့တဲ့ မျက်ဝန်းလေးကို ဖန်တီးပေးနိုင်တာကြောင့် တနေကုန် ပင်ပန်းနေတဲ့ မျက်ဝန်းလေးကို ညဘက်မှာ အသုံးပြုခြင်းအားဖြင့် သက်သာစေမှာပါ။

Soothing Eye Mask မှာ အသားအရေအတွက်သာမက ကိုယ်ခန္ဓာအတွက်ပါ များစွာ အထောက်အကူ ပြုတဲ့ အုတ်ဂျုံမှုန့်ကို အဓိကထား ထုတ်လုပ်ထားပါတယ်။ အိပ်ရေးမဝလို့ဖြစ်စေ၊ ပင်ပန်းမှုကြောင့် မျက်ဝန်းတဝိုက် ဖောင်းခြင်းနဲ့ မျက်ကွင်းညိုခြင်းတို့ကို သက်သာစေပါတယ်။

သဘာဝ ပစ္စည်းတွေနဲ့သာ အသုံးပြုထားတဲ့ အပြင် စမ်းသပ်စစ်ဆေးမှုများလည်း ပြုလုပ်ပြီးဖြစ်တဲ့အတွက်ကြောင့် ဓာတ်မတည့်မှာစိုးရိမ်စရာမလိုတော့ဘူးပေါ့။ အသုံးပြုတဲ့အခါ Mask လေးကို သန့်စင်တဲ့ မျက်ဝန်းတဝိုက်ကပ်ထားပေးပြီး ၁၀ မိနစ်ခန့်ထားပေးပါ။ ပြီးနောက်မှာတော့ Mask လေးကို ဖယ်လိုက်ပြီး ကျန်တဲ့ Serum လေးကို အသားအရေထဲစိမ့်ဝင်စေဖို့ရန်အတွက် အသာအယာ နှိပ်နယ်ပေးပြီး ခြောက်သွားတဲ့အထိ ထားလိုက်ရုံပါပဲ။ ပုံမှန်အသုံးပြုပေးခြင်းအားဖြင့် မျက်ဝန်းတဝိုက် ရေဓာတ်ပြည့်ဝပြီး အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတတ်တဲ့ ကျီးကန်းခြေရာများကို ဟန့်တားနိုင်ပါတယ်။

ဈေးနှုန်းအားဖြင့် 3$ သာကျသင့်ပြီး UK Direct Online Shop တို့မှ ချိတ်ဆက်မှာယူရရှိနိုင်ပါတယ်။

Image Source: www.stives.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password