Kylie Jenner ရဲ့ သမီးလေး Stormi ကို DNA စစ်ချင်တယ်ဆိုတဲ့ Tyga

ကဲ အားလုံးစိုးရိမ်နေကြသလို Tyga တစ်ယောက်ကလည်း သမီးလေး Stormi နဲ့ပတ်သက်ပြီး ပြောကြားလာပါပြီ။

Stormi လေးကိုမွေးဖွားပြီးပြီးခြင်း အချိန်မှာ သမီးလေးရဲ့ အဖေဟာ Travis Scott ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို Kylie ဘက်က သူမရဲ့ instagram နဲ့ social media တွေမှာ short video တင်ပြီး ပြောပြခဲ့ပါတယ်။ ကလေးရဲ့ နာမည်ကိုလည်း Stormi Webster ဆိုပြီး ကလေးရဲ့ဖခင် Jacques Webster ရဲ့ နာမည်အရင်းကို ယူပြီးပေးထားတာဖြစ်ပါတယ်။ ဒါကို ကြည့်ရသလောက် Kylie Jenner ရဲ့ ex Tyga ကတော့ သမီးလေးနဲ့ပတ်သက်ပြီး ဒီနေ့ထိ ကျေနပ်ပုံမရသေးပါဘူး။ Stormi ရဲ့ အဖေဟာ ဘယ်သူဖြစ်နိုင်မလဲဆိုတာကို သူ့အနေနဲ့ သက်သေနဲတကွ ထင်ထင်ရှားရှား သိချင်နေပါတယ်။

stormi webster 👼🏽

A post shared by Kylie (@kyliejenner) on

Kylie Jenner ကတော့ ဒီနေ့ထိ သမီးလေးဟာ သူ့အဖေ Travis Scott ရဲ့ အမွေဆက်ခံမယ့် အသဲကျော်လေးဖြစ်ကြောင်းကို ပြောနေဆဲပါ။ Kylie ရဲ့ အမေဖြစ်သူ Stormi လေးရဲ့ အဖွား Kris Jenner ကတော့ သူ့မြေးမလေးရဲ့ဖခင်ဘယ်သူလဲဆိုတာကို ပတ်ဝန်းကျင်က အမြင်ရှင်းပါတယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ 

ဒါပေမဲ့ Tyga ကတော့ ပြီးခဲ့တဲ့အပတ်က Radar Online ကို ပြောကြားပုံအရ ” ဒီကလေးဟာ Scott ရဲ့ ကလေးမဟုတ်ဘူး သူကလေးဆိုတာကို သူယုံကြည်နေပါတယ်ဆိုပြီး” ပိုင်ပိုင်နိုင်နိုင်ကို ပြောထားတာတွေ့ရပါတယ်။ ဒါကြောင့်မို့ Tyga ဘက်က ကလေးကို DNA test လုပ်ချင်ပါတယ် ဒါဟာကလေးအတွက်လည်း အခွင့်ရေးတခုပါဆိုပြီး ပြောထားပါတယ်။

It be when I sip a lil more…

A post shared by Tyga / T-Raww (@kinggoldchains) on

Kylie နဲ့ Tyga ရဲ့ relationship ကတော့ ၃နှစ်လောက် ချစ်ခဲ့ကြပြီး April 2017 မှာ ပြီးဆုံးသွားခဲ့ကြပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password