အသားအရေကို ပြန်လည်စိုပြေအားဖြည့်ပေးမယ့် Concentrated Ginseng Renewing Cream

ဒီတစ်ခေါက်တော့ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ အသားအရေပြဿနာတွေကို ကာကွယ်နိုင်စေမယ့် ကုန်ပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးဖို့ ရွေးချယ်ထားပါတယ်။ အဲဒီ product လေးရဲ့နာမည်ကတော့ Concentrated Ginseng Renewing Cream EX ဖြစ်ပြီးတော့ Sulwhasoo အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်။

ဒီ Sulwhasoo ရဲ့ Concentrated Ginseng Renewing Cream EX လေးရဲ့ထုပ်ပိုးမှုစနစ်က ရွှေအိုရောင် ချစ်စရာကောင်းတဲ့ပုလင်းငယ်လေးနဲ့ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ နှစ်၅ဝသက်တမ်းရှိ ဂျင်ဆင်းနဲ့ထုတ်လုပ်ထားပြီး အသားအရေကို အသစ်ပြန်လည်ဖြစ်ပေါ်နိုင်တဲ့အကျိုးကျေးဇူး ဖြစ်စေပါတယ်။

ဂျင်ဆင်းရဲ့အမြစ်များကနေ တိုက်ရိုက်ရရှိတဲ့ Compound K ဟာ အသားအရေကို သဘာဝအတိုင်း အသစ်ပြန်လည်ဖြစ်ပေါ်မှုစွမ်းရည်များကို တိုးမြင့်ပေးနိုင်ပြီး ဂျင်ဆင်းပန်းကနေ ထုတ်ယူရရှိတဲ့ ဒုတိယအဓိက Compound ဖြစ်တဲ့ Ginsenoside ကတော့ ခရင်မ်ကိုယခင်ပုံစံအတိုင်း ပိုမိုပျစ်နှစ်အဆီအနှစ်ဖြစ်စေပါတယ်။

ရလဒ်အနေနဲ့ကတော့ အိုမင်းရင့်ရော်ခြင်းကြောင့်ဖြစ်တဲ့ အသားအရေလျော့ရဲ့ခြင်းများ၊ အသားအရေတွန့်လိပ်ခြင်းများ စသည်တို့ကို တားဆီးကာကွယ်ပေးခြင်း၊ ပျက်စီးနေတဲ့အသားအရေကို ပြန်လည်တည်ဆောက်ပေးခြင်း၊ အသားအရေကိုပိုမိုနူးညံ့အားဖြည့်ပေးခြင်း၊ ငယ်ရွယ်မှုလျော့နည်းလာတဲ့အသားအရေကို ပြန်လည်စိုပြေအားဖြည့်ပေးနိုင်တဲ့ အကျိုးကျေးဇူးများကို ခံစားရရှိစေမှာပဲဖြစ်ပါတယ်။

အသုံးပြုနိုင်တဲ့အညွှန်းကတော့ သင့်တော်တဲ့ပမာဏကိုယူပြီး မျက်နှာပြင်အနှံ့ ညီညာစွာ လိမ်းပေးနိုင်ပါတယ်။ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်အဖြစ် အသုံးပြုပေးနိုင်ပါတယ်။

 

 

Image Source – www.sulwhasoo.com

www.instagram.com/sulwhasoo.us

www.facebook.com/sulwhasoo.int

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password