ချစ်စရာနာမည်လေးတွေနဲ့ Super Red ရဲ့ မျက်တောင်တုလေးတွေ

ခုခေတ်မှာ အလှပြင်ကြတယ်ဆိုတာ သိပ်ဆန်းကြယ်တဲ့အရာတစ်ခုမဟုတ်တော့သလို မိန်းကလေးတိုင်းလိုလိုကလည်း မိတ်ကပ်ခြယ်သမှုတွေကို ကျွမ်းကျင်အောင်လုပ်တတ်နေကြပြီ။ အဲ့ဒီတော့ပြောရရင် မလှတဲ့သူဆိုတာမရှိသလောက်ကိုဖြစ်နေပါပြီ။ ကိုယ့်ရဲ့အားနည်းချက်လေးတွေကို မိတ်ကပ်နဲ့လှပအောင်ပြင်လို့ရနေတော့ ပြီးပြီလေ။ အဲ့ထဲကမှ မိန်းကလေးတစ်ယောက်ရဲ့ အလှဆုံးလို့လည်းပြောလို့ရတဲ့ မျက်လုံးလေးတွေကိုလည်း ချန်လှပ်ထားလို့မရပြန်ဘူးလေ။ ဘာလို့လဲဆိုတော့တစ်ချို့တွေဆို           အကြည့်တစ်ချက်နဲ့တင်ကြွေလောက်အောင်မျက်လုံးလေးနဲ့ ဆွဲဆောင်နိုင်ပါတယ်။

မျက်လုံးလေးတွေလှအောင် ထောက်ပံ့ပေးထားတာကတော့ မျက်တောင်လေးတွေပါပဲနော်။ ရှည်လျားကော့ညွတ်တဲ့ မျက်တောင်တစ်စုံက တကယ့်ကို သမင်မျက်လုံးလေးဖြစ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်နော်။ မိတ်ကပ်တွေအရမ်းကြီး ပြင်ဆင်ခြယ်သမထားရင်တောင်မှမျက်တောင်တုလေးတပ်လိုက်ရင်ကိုတော်တော်လှနေပါပြီနော်။ အခုလည်း သဘာဝကျကျနဲ့ လှနေမယ့် မျက်တောင်တုကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးမလို့ပါ။ သူလေးကတော့ထွက်ရှိထားတာတော့ ကြာနေပါပြီ။ ဘယ်သူထုတ်ထားတာလဲသိလား? အသံအားကောင်းကောင်းနဲ့  သီချင်းတွေကိုသီဆိုတဲ့ အဆိုတော်မလေး နီနီခင်ဇော်ပါ။

Super Red ဆိုတာကတော့ နှုတ်ခမ်းနီ, မျက်နှာချေ, Bronzer , မျက်တောင်တုတွေကိုပါ အမျိုးအစားစုံလင်စွာထုတ်ထားလို့ တကယ့်ကိုအဆင်ပြေပါတယ်။ အခုပြောပြမှာကတော့ မျက်တောင်တုလှလှလေးတွေပါ။ မျက်တောင်တုကတော့ စုစုပေါင်း ၃ မျိုးထွက်ရှိထားပါတယ်။

ပထမဆုံးတစ်မျိုးကတော့ eyelashes series လို့ ခေါ်တဲ့ မျက်တောင်တုလေးတွေပါ။ သူတို့ကိုဘာလို့သတိထားမိလည်းဆိုတော့ ချစ်စရာကောင်းတဲ့နာမည်လေးတွေကြောင့်ပါ။

 

?‍♀️အမရာ

?‍♀️ကိန္နရီ

?‍♀️မဒီ

?‍♀️သမ္ဘူလ ဆိုပြီး တော်လေးဝဝင်မိဖုရားတွေကို ပေးထားလို့ တကယ့်ကိုနန်းဆန်ဆန်နဲ့လှနေပါတယ်။ ထူးလည်းထူးဆန်းတယ်လေ။ စျေးနှုန်းကတော့ တစ်ခုကို မြန်မာကျပ်ငွေ ၄၅၀၀ဖြစ်ပါတယ်။

နောက်တစ်မျိူးကတော့ မျက်တောင်လေးကို သိသာချင်တဲ့သူလေးတွေအတွက်ပါ။ 3D လိုမျိုး ဘယ်ဘက်ကကြည့်ကြည့်      ကော့ညွတ်နေမှာပါနော်။ Luxury 3D Mink လို့ ပေးထားတဲ့ series ထဲမှာတော့ အမျိုးအစား ၂ မျိုးရှိပါတယ်။ သူတို့တွေကတော့အလှဘုရင်မလေးတွေပါ။

??‍♀️ဥမာဒန္ဓီ

??‍♀️ပပဝတီ ဆိုပြီးတော့ ထွက်ရှိထားပါတယ်။ စျေးနှုန်းကတော့ မြန်မာကျပ်ငွေ ၆၈၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ Photoshooting တွေ, Dinner ပွဲတွေမှာဆွဲဆောင်မှုရှိပြီးတော့လူအများကြားမှာထင်းနေမှာပါနော်။

နောက်ဆုံး series လေးကတော့ Luxury 6D Mink ဆိုပြီးတော့ ထွက်ရှိထားတာပါ။ သူ့ရဲ့မျက်တောင်လေးတွေက ပေါ့ပါးလွန်းပြီး နူးညံ့တာကြောင့် Luxury လို့နာမည်လေးတွေပေးထားတာလို့ထင်ပါတယ်။

နာမည်အတိုင်းပဲ 6D ဆိုတော့ တကယ့်ကိုထူထူထဲထဲမျက်တောင်တွေကို ပိုင်ဆိုင်ချင်သူတွေအတွက်ပါ။ တပ်ထားမှန်းသိသာတဲ့အပြင်ကို eyeshadow ကို သိပ်မပြင်ရင်တောင်လှနေမှာပါနော်။ မျက်ရစ်မရှိတဲ့သူတွေအတွက်ကတော့အဆင်ပြေပါတယ်။

?‍⚖️မဏိစန္ဒာ

?‍⚖️ပန်ထွာ ဆိုတဲ့ နာမည်လှလှလေးတွေပေးပြီး ထုတ်လုပ်ထားပါတယ်။

Super Red က မျက်တောင်တုလေးတွေက 100% Human Hair နဲ့ပြုလုပ်ထားတဲ့ မျက်တောင်တုလေးတွေပါ။ လူတွေရဲ့ဆံသားလေးတွေကို အသုံးပြုပြီးတော့ပြုလုပ်ထားတဲ့လှပပေါ့ပါးတဲ့မျက်တောင်တုလေးတွေပေါ့။ တပ်ထားမှန်းတောင်မခံစားရအောင် ပေါ့ပါးတော့ အိုကေပြီလေ။

သူတို့လေးတွေက- ကြာရှည်ခံတယ်, တပ်ရတာလွယ်ကူတယ်, ၃ ကြိမ်ထိပြန်အသုံးပြုလို့ရပြီဆိုတော့ အဆင်ပြေပြီလေ။ ပြောရရင်မိန်းကလေးတွေက မျက်တောင်တုဆိုရင်စျေးကြီးတဲ့ဟာတွေဆို သိပ်မဝယ်ကြဘူး မလိုဘူးလို့လည်းထင်ကြတယ်။ အမှန်တကယ်ကတော့ မျက်တောင်တုဆိုတာ မျက်လုံးရဲ့အနီးဆုံးနေရာမှာနေတာဖြစ်လို့ အရမ်းအရေးကြီးပါတယ်။ မျက်တောင်တုကပ်တဲ့ကော်ကိုလည်း အရည်အသွေးကောင်းတာလေးတွေကို သုံးပေးပါ။ အခုလို ပြည်တွင်းမှာ အရည်အသွေးကောင်းတဲ့ ပစ္စည်းလေးတွေထွက်လာတော့ တကယ့်ကို အဆင်ပြေပြီး ကောင်းမွန်တာပေါ့။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password