အသီးအနှံတွေကနေ ထုတ်လုပ်ထားတဲ့  TARTE ရဲ့ Deep Sea Collagen Super Serum

Serum ကိုဘာကြောင့် နေ့တိုင်းသုံးသင့်တာလဲ။ ဘယ်လို အသားအရေတွေ အဓိကထား သုံးသင့်လဲ။ အသားအရေ အရောင် မှိုင်းနေတယ်ဆိုရင် ပြန်လည်ကြည်ကြည်တောက်တောက် ဖြစ်အောင် သုံးသင့်ပါတယ်။ မျက်နှာပေါ်က အစက်အပြောက်တွေ သက်သာပျောက်ကင်းစေပါတယ်။ အိုမင်းတဲ့ လက္ခဏာတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။

Serum ကို ဘယ်အဆင့်မှာ သုံးရမှာလဲ။ မျက်နှာသစ်ပြီး တိုနာလိမ်းပြီးတဲ့အခါမှာ Serum ကို လိမ်းပေးသင့်ပါတယ်။ 5 star အဆင့်ရထားတဲ့ TARTE ရဲ့ Rainforest of the Sea™ Deep Sea Collagen Super Serum ရဲ့ Review လေးကို ပြောပြပေးပါ့မယ်။ TARTE ဟာဆိုရင် အားလုံးနဲ့ ရင်းနှီးပြီးသား skin care နဲ့ makeup brand တစ်ခုဖြစ်ပါတယ်။  TARTE ရဲ့ Collagen Super Serum မှာဆိုရင် အသားအရေကို နူးညံ့တောက်ပစေတဲ့  collagen,  bi-phase oil နဲ့  essence တို့ပါဝင်ပါတယ်။ ဘယ်အသားအရေမဆို အသုံးပြုနိုင်ပါတယ်။ အသားအရေအရောင် ဆုံးရှုံးတာတွေကို ကာကွယ်ပေးတဲ့ Lightweight Serum အမျိုးအစားပါ။ အသားအရေမှာ Collagen နည်းလာတဲ့အခါ အရေးအကြောင်းနဲ့ အစက်အပြောက်တွေဖြစ်လာပြီး အရောင်မှိန်းလာပါတယ်။

ဒီ Super Serum မှာ Collagen ပါဝင်တာကြောင့် အသားအရေကို ရေဓါတ်ဖြည့်ဆည်းပေးပြီး နူးညံံ့လာစေပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်။ Argan Oil ပါဝင်တာကြောင့် အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓါတ်ကို ဖြည့်ဆည်းပေးပါတယ်။ Collagen Super Serum ရဲ့ အားသာချက်က လိမ်းလိုက်တဲ့အခါ စီးကပ်ကပ်ဖြစ်မနေဘဲ ပေါ့ပေါ့ပါးပါးနဲ့ အသားအရေထဲ စိမ့်ဝင်နေစေပါတယ်။

၂ပတ်ကနေ ၄ပတ်အထိ နေ့စဉ်ပုံမှန်လိမ်းပေးမယ်ဆိုရင် အသားအရေကို ၉၇ရာခိုင်နှုန်းအထိ ပြန်လည်တောက်ပလာစေပါတယ်။ ၉၄ ရာခိုင်နှုန်းထိ အသားအရေအာဟာရရစေပြီး ပြန်လည် လန်းဆန်းလာစေပါတယ်။ စလိမ်းကာစကနေ ၂ပတ်အထိ ရောက်လာတဲ့အခါမှာတော့ ၉၇ ရာခိုင်နှုန်းခန့် အသားအရေ ပြန်လည်ကျန်းမာလာစေပြီး နူးညံ့လာစေပါတယ်။ ၄ပတ်နောက်ပိုင်းမှာတော့ ၉၇ ရာခိုင်နှုန်းခန့် အသားအရေ ညီညာလာမယ်၊ ချောမွေ့လာမယ်၊ စိုစိုလေးဖြစ်လာမယ်။

မျက်နှာသစ်ပြီးတဲ့အခါမှာ Serum ကိုလိမ်းပေးပါ။ အဆီပြန်တဲ့ အသားအရေနဲ့ ပေါင်းစပ်အသားအရေအတွက်ဆိုရင်တော့ Serum သို့မဟုတ် moisturizer ကိုလိမ်းပေးနိုင်ပါတယ်။ ၂မျိုးစလုံးကိုတော့ အတူတူ မသုံးသင့်ပါဘူး။ ခြောက်သွေ့အသားအရေနဲ့ ပုံမှန်အသားအရေပိုင်ရှင်တွေကတော့ moisturizer လိမ်းပြီးမှ  Serum လိမ်းပေးသင့်ပါတယ်။

 

Ref:  tartecosmetics.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password