Tarte ရဲ့ အရောင်းရဆုံးပစ္စည်းတစ်ခုဖြစ်တဲ့ Shape Tape Contour Concealer လေးအကြောင်း

မိတ်ကပ်ပစ္စည်းတွေထဲမှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ ပစ္စည်းတွေထဲကတစ်ခုကတော့ concealer ပါ။ ဒီလိုများပြားလှတဲ့ concealer တွေထဲကမှ မိတ်ကပ်ချစ်သူတွေကြားနာမည်ကြီးတဲ့ brand တွေထဲကတစ်ခုဖြစ်တဲ့ Tarte ရဲ့ အရောင်းရဆုံး concealer Shape Tape Contour Concealer လေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Shape Tape concealer လေးရဲ့ထူးခြားချက်ကတော့ vegan-friendly ဖြစ်တာမို့လို့ တိရစ္ဆာန်လေးတွေဆီကရတဲ့အစိတ်အပိုင်းတွေတစ်ခုမှမပါပါဘူး။ ပြီးတော့ vegan friendly ဖြစ်တာနဲ့အတူ cruelty free လည်းဖြစ်မယ်လို့ယူဆနိုင်တဲ့အတွက် တိရစ္ဆာန်ချစ်သူတွေအတွက်တော့သတင်းကောင်းပါ။

 

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ contour concealer လို့ဆိုထားတဲ့အတိုင်း contour/highlight effect ပါပါဝင်တာကြောင့် တစ်မျိုးတည်းနဲ့ဘက်စုံသုံးလို့ရတဲ့ concealer လေးလည်းဖြစ်ပါတယ်။ သရက်သီးနဲ့ shea butter ကနေပြုလုပ်ထားတာမို့လို့လည်း အသားအရေကိုစိုပြေစေပြီး Shade တွေကလည်း အမျိုး၃၀တောင်ရှိတာကြောင့် ဘယ်အသားအရောင်မဆို ကိုယ့်ပင်ကိုယ်သဘာဝပုံစံအတိုင်းဝင်းပနေတဲ့ပုံစံကို ရရှိစေမှာပါ။

   

Tarte ကထုတ်လုပ်တာဖြစ်လို့ coverage ပိုင်းလည်းအရမ်းကောင်းမွန်ပြီး အလွယ်တကူလည်း blending လုပ်လို့ရတာကြောင့် ဒီ Shape Tape concealer လေးက ၁၂စက္ကန့်တိုင်း တစ်ချောင်းရောင်းနေရတာမဆန်းပါဘူးနော်။ ဒီ concealer လေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ Tarte ရဲ့ official website ကနေဖြစ်ဖြစ် ခရီးသွားရင်းလာရင်း Sephora ကနေဖြစ်ဖြစ်ဝယ်ယူနိုင်ပါတယ်လို့လည်း လက်တို့လိုက်ရပါတယ်။

Photo references : https://tartecosmetics.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password