အိုမင်းရင့်ရော်တာကို သဘာဝအတိုင်း တားဆီးပေးမယ့် TATCHA ရဲ့The Water Cream

သာမန်အားဖြင့်တော့ အသားအရေအမျိုးအစား (၄)မျိုးခွဲခြားထားပါတယ်။ ခြောက်သွေ့အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ ပေါင်းစပ်အသားအရေနဲ့ အထိအခိုက်မခံတဲ့ အသားအရေဆိုပြီး ခွဲခြားထားပါတယ်။ ဒီအမျိုးအစား (၄)မျိုးထဲမှာ အိုမင်းရင့်ရောက်မှု အမြန်ဆုံး အသားအရေကတော့ ခြောက်သွေ့အသားအရေပိုင်ရှင်တွေပါ။ ဒါကြောင့် အသားအရေခြောက်သွေ့သူတွေအနေနဲ့ ရေဓါတ်ဖြည့်ဆည်းပေးတဲ့ cream ကို အဓိကထား အသုံးပြုပေးသင့်ပါတယ်။

ခြောက်သွေ့အသားအရေပိုင်ရှင် ပျိုမေတို့အတွက် ရေဓါတ်ဖြည့် cream ကောင်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ TATCHA ကနေ ဖြန့်ချီတဲ့ The Water Cream ပဲဖြစ်ပါတယ်။ ဒီ Water Cream ကို ပုံမှန်အသုံးပြုပေးမယ်ဆိုရင် အသားအရေရဲ့ အစိုဓါတ်ကို ပြန်လည်ဖြည့်ဆည်းပေးပြီး အာဟာရဓါတ်တွေ ရရှိစေပါတယ်။ မိတ်ကပ်ကို ကြာရှည်ခံစေပါတယ်။ The Water Cream ထဲမှာဆိုရင် ဂျပန်နိုင်ငံမှာရှိတဲ့ တန်ဖိုးကြီး တိုင်းရင်းဆေးဖက်ဝင်အပင်တွေ ထည့်သွင်းဖော်စပ်ထားပါတယ်။ အရေပြားကို နာကျင်ကျိန်းစပ်ခြင်း လုံးဝမရှိစေပါဘူး။ ဆရာဝန်ကြီးတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။ သတ္ထုအဆီ၊ ဓါတုအနံ့တွေ၊ ဆပ်ပြာ၊ ယူရီးယားတွေနဲ့ အသားအရေကို အန္တရာယ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ လုံးဝမပါတာကြောင့် စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။

စေးကပ်ကပ်ချောကျိကျိ မဖြစ်စေဘဲ အသားအရေထဲကို စိမ့်ဝင်သွားပြီး အာဟာရဓါတ်တွေ ဖြည့်ဆည်းပေးပါတယ်။ အသားအရေရဲ့ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး အိုမင်းရင့်ရော်ခြင်းရဲ့ ရှေးပြေးလက္ခဏာဖြစ်တဲ့ အရေးအကြောင်းဖြစ်တာ၊ လှိုင်းတွန့်တာနဲ့ ခြောက်သွေ့တာတွေကို ကာကွယ်ပေးပါတယ်။ ဂျပန်တောရိုင်းနှင်းဆီ ပါဝင်တာကြောင့် အသားအရေရဲ့ အာဟာရဓါတ်တွေကို ပြန်လည်ဖြည့်ဆည်းပေးပြီး ကြည့်ကောင်းလာစေပါတယ်။ Leopard Lily ပါဝင်တာကြောင့် အဆီပြန်တာကို လျှော့ချပေးပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ Algae လို့ခေါ်တဲ့ ရှားပါးရေညို၊ ဆန်နဲ့ လက်ဖက်စိမ်းတို့ပါဝင်တာကြောင့် အသားအရေမှေးမှိန်တာကို ပျောက်ကင်းစေပြီး စင်ကြယ်လာစေပါတယ်။ မျက်နှာ ကြည်ကြည်လေး ဖြစ်စေပါတယ်။ မျက်နှာ glow ချင်တဲ့ ပျိုမေတွေ ရွေးချယ်ပေးနိုင်ပါတယ်။

TATCHA ရဲ့ The Water Cream ဟာဆိုရင် ခြောက်သွေ့အသားအရေပိုင်ရှင်တွေသာမက တခြားအသားအရေပိုင်ရှင်တွေလည်း အသုံးပြုလို့ရပါတယ်။ စေးကပ်တာတွေ၊ ချောကျိကျိဖြစ်တာတွေ မရှိတာကြောင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေနဲ့လည်းအဆင်ပြေပါတယ်။ ဗူးလေးထဲမှာ ရွှေရောင်ဇွန်းလေးပါပါတယ်။ မျက်နှာ၊ လည်ပင်းနဲ့ လည်ပင်းအောက်ပိုင်းကို လိမ်းပေးနိုင်ပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ရက်နှစ်ကြိမ် နေ့စဉ် အသုံးပြုနိုင်ပါတယ်။

 

Ref :  www.sephora.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password