နေ့စဉ်သုံးအရောင်လေးတွေကြောင့် လူကြိုက်များနေတဲ့ The Balm ရဲ့ Eye Shadow Palette

ခုနောက်ပိုင်း ပျိုမေတို့တော်တော် များများ အကြိုက်တွေ့ လာ ကြတဲ့ Brand တစ်ခုဖြစ်တဲ့ The Balm ရဲ့ Palette လေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Palette လေးကတော့ Eye shadow အပြင် blush, matte bronzer, highlighter တို့ကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Palette လေးဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ အရောင်လေးတွေကလည်း nude color လေးတွေဖြစ်လို့ နေ့စဉ်အသုံးပြုလို့ အဆင်ပြေပြီး တောက်ပတဲ့ မျက်လုံးလေးတစ်စုံကို ပိုင်ဆိုင်နိုင်အုံးမှာ ဖြစ်ပါတယ်။

The Balm ဆိုတဲ့အတွက် ပစ္စည်းအရည်အသွေးကလည်း ပြောစရာမလိုသလို ဆိုင်ခွဲတွေနဲ့ ကောင်တာတွေအများကြီးရှိတာကြောင့် အလွယ်တကူဝယ်ယူလို့ ရနိုင်တဲ့ပစ္စည်းလေးလည်း ဖြစ်ပါတယ်။ ဒါဆို သူ့မှာပါတဲ့အရောင်လေးတွေကို တချက်ကြည့်လိုက်ရအောင်နော်။

ဒီ Palette လေးမှာတော့ စုစုပေါင်း Eye shadow လေးက (၄) ကွက်၊ Highlighter လေးက (၁) ကွက်၊ matte bronzer လေးက (၁) ကွက်၊ Blush color လှလှလေးတွေက (၃) ကွက် စုစုပေါင်း (၉) ကွက်ပါဝင်တဲ့ palette လေးဖြစ်ပါတယ်။ Palette တခုတည်းမှာတင် မျိုးစုံအောင် ပါဝင်တာကြောင့် တော်တော်လေးအဆင်ပြေမှာ သေချာပါတယ်။ တမျိုးတည်း ဝယ်ထားရုံနဲ့လည်း လှပတဲ့မျက်နှာလေးအတွက် အလုံးစုံအသုံးဝင်တာကို တွေ့ရပြီး သယ်ဆောင်ရတာလည်း အရမ်းလွယ်ကူလွန်းလှပါတယ်။  ဒါကြောင့်မို့ ပျို မေတို့ အကြိုက်တွေ့စေမယ့် အရောင်အလန်းလေးတွေကို product တစ်ခုထဲ မှာဘဲ စုံစုံလင်လင်တွေ့ရမယ့် palette လေးကြောင်းကို အသိပေးလိုက်ရပါတယ်နော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password