ဆောင်းဝင်လာပြီ~ အသားအရေကိုကာကွယ်ဖို့ Body Butter အသင့်ပြင်

အခုဆိုရင် အောက်တိုဘာလတောင်ကုန်ခါနီးပြီဆိုတော့ ဆောင်းဝင်လာပြီလို့ပဲဆိုရမှာပါ။ ရာသီဥတုကမအေးသေးတာကြောင့်သာ မသိသာသေးပေမယ့် လေတိုက်တဲ့အခါမှာအခါတိုင်းထက်တော့ နည်းနည်းခြောက်သွေ့စပြုလာပြီလေ။ ဒါကြောင့် ခုလိုနေပူပူလေခြောက်ခြောက်ဖြစ်နေတဲ့ကာလမှာ အသားအရေက ပိုပြီးခြောက်သွေ့ပျက်စီးလွယ်တာကြောင့် Body Butter လေးတွေလိုအပ်လာပြီနော်~

ဒီ Body Butter လေးတွေကတော့ နာမည်ကြီး The Body Shop ကနေထုတ်ထားတာဖြစ်လို့ quality ပိုင်းကတော့ပြောစရာမလိုအောင်ကောင်းမွန်ပါတယ်။ သုံးထားတဲ့ ingredients တွေကအစ အကောင်းတကာ့အကောင်းတွေကိုသုံးထားတာဖြစ်တာကိုလည်းသုံးဖူးတဲ့လူတိုင်းသတိထားမိကြမှာပါ၊ ဥပမာ Cocoa Body Butter အတွက်ဆို Ghana နိုင်ငံကရတဲ့ cocoa သီးတွေကိုသုံးထားတာဖြစ်ပြီး Fuji Green Tea Body Butter အတွက်ဆိုရင် တစ်ကယ့် fuji တောင်ခြေကနေခူးထားတဲ့ လက်ဖက်ရွက်တွေကနေပြုလုပ်ထားတာပါ။ ကိုယ့်ရဲ့အသားအရေအတွက်ဆို အကောင်းဆုံးကိုမှသုံးချင်တဲ့ ပျိုပျိုတွေ ကိုကိုတွေအတွက်တော့ အရမ်းကိုအဆင်ပြေပါတယ်။

  

The Body Shop ရဲ့ Body Butter တွေကိုနောက်ထပ်ကြိုက်တဲ့အချက်ကတော့ ကိုယ့်အသားအရေပေါ်မူတည်ပြီး ရွေးချယ်စရာအများကြီးရှိတာပါ။ ရွေးချယ်စရာအများကြီးရှိတဲ့ထဲကမှ တစ်ချို့တွေကိုဖော်ပြရမယ်ဆိုရင်တော့-

  • အသားအရေအရမ်းခြောက်တဲ့သူတွေအတွက် Cocoa Body Butter နဲ့ Coconut Nourishing Body Butter

  • အသားအရေဝင်းပြီးစိုပြည်ချင်တဲ့သူတွေအတွက် British Rose Instant Glow Body Butter

  • အသားအရေကိုနူးညံ့စေချင်တဲ့သူတွေအတွက် Strawberry နဲ့ Mango Softening Body Butter
  • ရေဓါတ်ကို ၄၈နာရီကြာအောင်ဖြည့်ပေးနိုင်တဲ့ Olive Nourishing Body Butter, Honeymania Body Butter နဲ့ Wild Argan Oil Sublime Nourishing Body Butter ဆိုပြီးအမျိုးမျိုးရှိပါတယ်။

ဒီ Body butter အကုန်လုံးက စေးကပ်ကပ်ကြီးမဖြစ်ဘဲ အသားထဲကို အလွယ်တကူစိမ့်ဝင်သွားတာမို့လည်း သုံးလို့အရမ်းကောင်းပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ Body butter တွေကိုအသုံးပြုချင်တယ်ဆိုရင်တော့ Junction City ပထမထပ်က The Body Shop ဆိုင်မှာဝယ်ယူနိုင်ပါတယ်လို့လည်း လက်တို့လိုက်ရပါတယ်နော်~

Image Source : www.thebodyshop.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password