စျေးနှုန်းသက်သာပြီး သိသာတဲ့ရလဒ်ကိုပေးမယ့် The Face Shop က မျက်နှာသစ်ဆေးလေးတွေ

Korea မိတ်ကပ်ပစ္စည်းလေးတွေ skincare လေးတွေကို အသုံးပြုကြတာဟာ ဆယ်စုနှစ်တစ်ခုထက်ကိုကျော်လွန်နေပါပြီ။ အရင်ကဆို showroom လေးတွေမှာ ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူရတယ်။ Online shopping တွေခေတ်မစားသေးတာလည်းပါတာပေါ့နော်။ အခုဆိုရင်တော့တံဆိပ်မျိုးစုံ အမျိုးအစားမျိုးစုံကို online ကနေရော showroom တွေမှာရောလွယ်လင့်တကူဝယ်လို့ရနေပြီဆိုတော့အချစ်တို့ကတော့အတိုင်းထက်အလွန်ပေါ့နော်။ ဒါပေမယ့်ဟိုစကားပုံလေးကိုကြားဖူးလား? အသစ်တွေဘယ်လောက်ကောင်းကောင်းအဟောင်းတလည်လည်ဆိုတာလေ။ အသစ်အသစ်တွေဘယ်လောက်ထွက်ထွက် အဟောင်းလေးကိုမှကြိုက်တဲ့သူလေးတွေအတွက် မင်မင်က ဒီနေ့ သုံးလို့ကောင်းပြီးတော့လူကြိုက်များတဲ့ ပစ္စည်းလေးကိုပြန်ညွှန်းပေးမယ်နော်။

သူလေးကတော့ မင်မင်တို့ကျောင်းသူဘဝတုန်းတည်းက နာမည်ကြီးပြီးတော့ ရန်ကုန်မှာဆိုရင်လည်း ဆိုင်ခွဲပေါင်းမြောက်များစွာရှိတဲ့ brand လေးပါ။ ကိုရီးယားနာမည်ကြီးမင်းသားမင်းသမီးတွေနဲ့လည်း ပစ္စည်းတွေကိုကြော်ငြာတဲ့ တံဆိပ်လေးဆိုရင်လည်း မမှားပါဘူးနော်။ ကိုရီးယားချစ်သူတိုင်းသိတဲ့ brand လေးလဲဖြစ်တဲ့ The Face Shop လေးပါ။ နာမည်ကြားတာနဲ့သိသွားပြီဟုတ်။ သူ့ရဲ့ products လေးတွေကတော့တစ်မျိုးနဲ့တစ်မျိုးကောင်းတာတွေချည်းပဲဆိုတော့ အဲ့ထဲကမှ မျက်နှာသစ်ဆေးလေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်နော်။

ချစ်စရာပုံစံလေးတွေနဲ့မျက်နှာသစ်ဆေးလေးတွေကတော့ Herb Day 365 Cleansing Foam လေးတွေပါ။ အမျိုးအစားကတော့ ၅ မျိုးထုတ်ထားပါတယ်။

Acerola – သဘာဝချယ်ရီသီးနဲ့ပေါင်းစပ်ထားတဲ့အတွက်ကြောင့် အသားရေကိုကြည်လင်ပြီးဝင်းပစေပါတယ်။ အသားရေညစ်နွမ်းနေသူတွေ, ပျက်စီးနေသူတွေအတွက် အထူးသင့်တော်ပါတယ်။

Aloe   -ရှားစောင်းလက်ပတ်ပါဝင်လို့ အသားရေရဲ့ရေဓါတ်ကိုပြည့်ဝစေပါတယ်။ အသားခြောက်သူတွေအတွက်သင့်တော်ပါတယ်။

Lemon – မျက်နှာရဲ့ဆဲလ်သေတွေကိုဖယ်ရှားပေးပြီးတော့ မိတ်ကပ်အကြွင်းအကျန်တွေကိုပါသန့်သန့်စင်ပေးပါတယ်။

Mug Bean – အသားရေကြမ်းတမ်းနေသူတွေအတွက် ချောမွေ့စေပြီးတော့ ကြည်လင်စေပါတယ်။

Peach    -အသားရေကိုအကောင်းဆုံးသန့်စင်ပေးနိုင်ပြီးတော့ ကြည်လင်ဝင်းပစေပါတယ်။ ဒါလေးကတော့ best seller လို့ပြောရင်တောင်မမှားပါဘူးနော်။

ဘူးတစ်ဘူးစီတိုင်းမှာအာနိသင်တစ်မျိုးစီပါလို့ ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့သင့်လျော်တာကိုရွေးချယ်နိုင်ပါတယ်။

အားလုံးသိချင်တဲ့စျေးနှုန်း ကတော့ တစ်ဘူးကို မြန်မာကျပ်ငွေ ၅၈၀၀ ကျပ်နဲ့ The face shop ကောင်တာတိုင်းမှာဝယ်ယူရရှိနိုင်ပါတယ်နော်။ 170ml ကိုမှ ဒီစျေးနဲ့ဆိုတော့အရမ်းကိုတန်သွားပါပြီနော်။

သူ့ရဲ့အားသာချက်လေးတွေကို အရင်ပြောလိုက်မယ်

☘️သူလေးက အသားရေပေါ်မူတည်ပြီးတော့ အမျိုးအစားတွေအများကြီးခွဲပေးထားတာပါ။ ဒါလေးကတော်တော်ကောင်းတာပေါ့နော်။ ကိုယ့်အသားရေပြဿနာပေါ်မူတည်ပြီးတော့ ကြိုက်တာကိုသုံးလို့ရပြီလေ။

☘️Cleansing foam လေးတွေက mild cleanser ဖြစ်တဲ့အတွက် ပြင်းပြင်းကြီးတွေမသုံးချင်တဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်နော်

☘️Size ကလည်း  170ml တောင်ပါတော့တစ်ယောက်တည်းသုံးရင်တောင် ၂လ လောက်သုံးလို့ရပါတယ်( သုံးတဲ့ပေါ်တော့မူတည်တာပေါ့နော်)

☘️အပျော့စားဖြစ်လို့ စန်းစန်းတင့်သမားလေးတွေသုံးလို့လည်းရပါတယ်

☘️သစ်ပြီးသွားလို့ရှိရင်လည်း မျက်နှာကိုခြောက်သွေ့သွားစေတာမဟုတ်ပဲ စိုစိုလေးနဲ့အိအိလေးဖြစ်စေတာကတော့ သူလေးရဲ့နာမည်ကြီးရတဲ့အကြောင်းရင်းလေးပါပဲ။

❌အားနည်းချက်ကတော့ သူက အပျော့စားမျက်နှာသစ်ဆေးဖြစ်နေတော့ မိတ်ကပ်တွေကိုတော့ အရမ်းပြောင်စင်သွားအောင်ဖျက်ပေးနိုင်မှာမဟုတ်ပါဘူးနော်။ Make up remover နဲ့ဖျက်ပြီးမှ သုံးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password