Living Coral အရောင်နဲ့လန်းချင်သူတွေအတွက် The Saem ကနေရွေးပေးလိုက်တဲ့ Living Coral ပစ္စည်းလေးတွေ

၂၀၁၉ ရဲ့ Color of the year က Living Coral ဆိုတော့ ပျိုတို့ရဲ့ အိတ်ထဲမှာ အနည်းဆုံး Living Coral အရောင် နှုတ်ခမ်းနီလေးတစ်ချောင်း ပါးနီလေးတစ်ခုတော့ရှိသင့်တာပေါ့နော်။ အကယ်၍များ ပျိုတို့တွေအနေနဲ့ ဘယ်အရောင်က Living Coral လဲ? ဘယ်မှာ ဒီအရောင်ပါတဲ့ ပစ္စည်းတွေကိုရှာဝယ်ရမှာလဲလို့ အခက်တွေ့နေရင်တော့ စိတ်မပူပါနဲ့တော့လို့၊ ဘာလို့လဲဆိုတော့ The Saem ကနေရွေးပေးလိုက်တဲ့ နှုတ်ခမ်းနီလေးတွေနဲ့ပါးနီလေးတွေကို နံပါတ်နဲ့ပါ ပြောပြပေးမှာမို့လို့ပါ။

၁။ Kissholic Lipstick Semi-Matte – CR01 Best Seller

ဒီနှုတ်ခမ်းနီလေးကတော့ နာမည်လေးအတိုင်းပါပဲ၊ The Saem ရဲ့အရောင်းရဆုံးတွေထဲက တစ်ခုပါ။ Semi-Matte ဖြစ်တာကြောင့် နှုတ်ခမ်းခြောက်တတ်တဲ့သူတွေနဲ့လည်း သင့်တော်ပြီး နှုတ်ခမ်းနဲ့တစ်သားတည်းကျနေတဲ့ အရောင်ဖြစ်လို့ full-lips ပဲဆိုးဆိုး gradiation လေးပဲလုပ်လုပ် လှနေစေမှာအသေအချာပါ။

၂။ Kissholic Lipstick Glam Shine – CR01 Pink Nectar

Kissholic series ထဲကပေမယ့် Semi Matte နဲ့မတူတာကတော့ White Sapphire Powder ပါဝင်တာကြောင့် ပြောင်ပြောင်လက်လက်လေးနဲ့ နှုတ်ခမ်းသားကိုလင်းနေစေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် shea butter နဲ့ high glossy oil တွေဖြစ်တဲ့ ထောပတ်သီးအဆီ၊ jojoba အဆီနဲ့ brazil nut တို့ကရတဲ့အဆီတွေပါ ပါဝင်တာကြောင့် နှုတ်ခမ်းသားကို နူးညံ့စေလို့ ခုလိုရာသီဥတုအေးအေးလေးနဲ့ဆို

ကွက်တိပါပဲ။

၃။ Saemmul Jelly Candy Tint – 04 Soft Persimmon

အရင်တစ်ခါက ဖော်ပြခဲ့ဖူးတဲ့ Saemmul Candy Tint တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ ဒီ Jelly Tint လေးက Water type tint ဖြစ်ပြီး honey extract ပါဝင်တာကြောင့် မွှေးမွှေးလေးနဲ့ နှုတ်ခမ်းကိုရေဓါတ်ဖြည့်ပေးနိုင်ပါတယ်။ ဒီ Soft Persimmon အရောင်လေးက လိမ္မော်စစ်စစ်ကြီးမဟုတ်ဘဲ coral ဘက်ကိုသွားတဲ့အရောင်လေးဖြစ်လို့ အသားအရောင်မရွေးလိုက်ဖက်သလို တစ်ခါဆိုးထားပြီးရင် ၅-၆နာရီလောက်အထိ ကြာရှည်ခံလို့ ဆောင်ထားသင့်တဲ့ tint လေးတစ်ခုပါနော်။

 

၄။ Saemmul Single Blusher – CR02 Baby Coral / CR03 Sunshine Coral

ဒီ ပါးနီလေးတွေကတော့ နှစ်ခုလုံး coral color ဖြစ်ပြီး ပိုပြီးလိမ္မော်ဘက်ကို သွားတာကြိုက်တဲ့ပျိုတွေအနေနဲ့ CR03 Sunshine Coral ကိုရွေးနိုင်ပြီးတော့ ပန်းရောင်နည်းနည်းပါတာကိုမှလိုချင်ရင်တော့ CR02 Baby Coral လေးက အဆင်ပြေပါတယ်။

အခု January တစ်လလုံးလည်း The Saem က discount တွေပေးနေတာမို့ အမြန်သွားပြီးဝယ်လိုက်ရအောင်နော်~😉

reference – www.facebook.com
image -www.facebook.com/thesaem/
We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password