ဘယ်အချိန်မဆို ဆံနွယ်လေးတွေ ရှင်းသန့်နေစေဖို့ကူညီပေးမယ့် The Saem ရဲ့ Dry-Shampoo Tissue

အခုခေတ်ကြီးလို အချိန်နဲ့အညီလှုပ်ရှားပြေးလွှားနေရတဲ့ခေတ်ကြီးမှာ ဆံပင်ကိုတစ်ကူးတစ်ကအမြဲအချိန်မပေးနိုင်တာတော့ လူတိုင်းလိုလိုပဲဖြစ်မှာပါနော်။ အချိန်ကမရ၊ ချွေးတွေကထွက်မို့ ခေါင်းမလျှော်နိုင်တဲ့အခါတွေဆိုရင် dry shampoo လေးတွေကိုပဲအားကိုးနေရတာမို့ အခုလိုရင်လိုသလို၊ ကြိုက်တဲ့အချိန်အသုံးပြုနိုင်မယ့် dry shampoo လေးတစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီ dry shampoo လေးကတော့ The Saem ရဲ့ Dry Shampoo Tissue လေးပဲဖြစ်ပါတယ်။ တွေ့မြင်နေကြ makeup remover tissue လေးတွေနဲ့ဆင်ပြီး အသုံးပြုရတာလွယ်ကူလို့ အလုပ်အရမ်းများတဲ့သူတွေ၊ ခရီးခဏခဏသွားတဲ့သူတွေအတွက်ကတော့ ကွက်တိကျနေမှာအသေအချာပါ။

ဒီ dry shampoo tissue လေးတွေကိုဘယ်လိုအသုံးပြုရမလည်းဆိုတော့ ဆံပင်ကိုဒီ dry shampoo tissue တစ်ရွက်စီနဲ့သေချာသုတ်ပေးပြီးတော့ ဖြီးချလိုက်ရုံပါပဲ။ ဦးရေပြားအဆီပြန်ပြီးအနံ့ထွက်တာမျိူးကို ရှောင်ရှားနိုင်ဖို့လည်း ဒီ dry shampoo tissue နဲ့ကိုယ့်ရဲ့ငယ်ထိပ်အဆီပြန်နေတဲ့နေရာကိုသန့်ရှင်းပေးနိုင်ပါသေးတယ်။ အသုံးပြုပြီးရင်တော့ packing လေးကိုသေချာပြန်ပိတ်ဖို့တော့မမေ့နဲ့နော်၊ မဟုတ်ရင် tissue လေးတွေခြောက်သွေ့ကုန်မှာမို့လို့ပါ။

အခုဖော်ပြပေးတဲ့ dry shampoo tissue လေးကို The Saem ဆိုင်ခွဲတွေနဲ့ online ကနေတစ်ဆင့်ဝယ်ယူနိုင်ပြီဆိုတာလည်း လက်တို့ပေးလိုက်ရပါတယ်။

Image Source : www.thesaemcosmetic.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password