ထူးထူးခြားခြားတင်ဆက်လိုက်တဲ့ The Faceshop x Coca Cola series

အခုလိုနေပူတဲ့ရာသီဥတုမှာ Coca Colaအေးအေးလေးသောက်လိုက်ရရင် အရမ်းကိုလန်းဆန်းသွားကြတယ်ဟုတ်? ဒါဆိုရင် အခုမိတ်ဆက်ပေးမယ့် The Faceshop နဲ့ Coca Cola ရဲ့ မိတ်ကပ်ပစ္စည်းလေးတွေကလည်း ပျိုတို့ရဲ့စိတ်ကို လန်းဆန်းသွားစေနိုင်မယ်လို့ထင်ပါတယ်။

ဒီ The Faceshop x Coca Cola collaborationမှာ item  စုစုပေါင်း ၆ခုပါဝင်ပါတယ်။ ဒီ itemတွေကတော့

၁။ Oil Control Water Cushion

၂။ Mono Pop Eyes Shadow Palette

၃။ Coca Cola Cream Liptint (3 colors)

၄။ Oil Compact

၅။ Coca Cola Liptint (3 colors)

၆။ Coca Cola Lipsticks (5 colors) တို့ပဲဖြစ်ပါတယ်။

၁။ Oil Control Water Cushion

ဒီ cushion လေးက moisture များများပေးနိုင်ပြီး coverage တော်တော်ကောင်းတယ်လို့ reviewတွေကဆိုကြပါတယ်။ shade ကတော့ ၁ခုပဲရှိပါတယ်။

၂။ Oil Control Compact

ဒီ oil control compact လေးကတော့ မိတ်ကပ်လိမ်းပြီးတဲ့အခါမှာ finishing touch အနေနဲ့ အဆီမပြန်အောင်လိမ်းပေးရတဲ့ compact အမျိုးအစားလေးပဲဖြစ်ပြီး packaging က coca cola ရဲ့ trademark ဖြစ်တဲ့ အနီရဲရဲလေးဖြစ်တာကြောင့် အရမ်းကိုချစ်ဖို့ကောင်းတာအမှန်ပါ။

၃။Monopop Eyes Shadow Palette

ဒီ Palette လေးကတော့ ပါဝင်တဲ့အရောင်လေးတွေက ၉မျိုးအထိပါပြီး everyday wear အနေနဲ့သုံးလို့ရတဲ့အရောင်လေးတွေဖြစ်လို့ လက်မလွှတ်သင့်တဲ့ palette လေးတစ်ခုလည်းဖြစ်ပါတယ်။

၄။ Coca Cola Lipstick

Lipstick လေးကတော့ အရောင်၅မျိုးရှိပြီး ဒီထဲကအရောင်ရဲ့နာမည်တွေကတော့ Refreshing rose, Peach pink, Ice Orange, Coke Red, Vintage Red တို့ဖြစ်ပြီး cola ရနံ့လေးနဲ့ crayon matte အမျိုးအစားလေးဖြစ်ပါတယ်။

၅။ Coca Cola Cream Liptint

ဒီ cream liptint လေးကလည်း colaရနံ့လေးတွေပါဝင်ပြီး အရောင်လေးတွေကတော့ Enjoy Sunshine, Always Orange, Harmony Pink, Tasty Pinkနဲ့ Coke Red တို့ပဲဖြစ်ပါတယ်။ Gradiation လုပ်ရတာကြိုက်တဲ့ပျိုလေးတွေအကြိုက်တွေ့နိုင်မှာပါ။

၆။ Coca Cola Liptint

ဒီ liptint လေးရဲ့ အဖုံးလေးက Polar bear ပုံလေးနဲ့ snowball လေးလိုလုပ်ထားတာကြောင့် design နဲ့တင်အရမ်းကို ချစ်ဖို့ကောင်းနေတာမို့ နာမည်ကြီးနေပါတယ်၊ သူ့မှာပါတဲ့အရောင်လေးတွေကတော့ Red Label, Coke Red, Peach Brown တို့ပဲဖြစ်ပါတယ်။

အရမ်းချစ်ဖို့ကောင်းပြီးCoca Cola ရနံ့လေးတွေပါတဲ့ ပစ္စည်းလေးတွေဖြစ်တာကြောင့် နွေရာသီနဲ့အရမ်းကို လိုက်ဖက်တဲ့ Collection လေးဖြစ်ပါတယ်လို့ ဖော်ပြရင်းနိဂုံးချုပ်လိုက်ရပါတယ်။

 

 

 

References : www.youtube.com

Photo references : www.thefaceshop.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password