အသည်းယားစရာကောင်းတဲ့ ပြာယာခတ်ယုန်လေးနဲ့ The SAEM တို့ရဲ့ New Collections

Facebook ပေါ်ကစတစ်ကာတွေထဲမှာမှ အမြဲပြာယာခတ်ပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ယုန်လေးတွေစတစ်ကာကို ပျိုတို့အားလုံး ရင်းနှီးကြမှာပေါ့နော်။ အခု ဒီယုန်လေးတွေနဲ့ The SAEM တို့ကပူးပေါင်းပြီး ချစ်စရာကောင်းတဲ့ collection အသစ်တစ်ခုကိုမိတ်ဆက်ပေးလိုက်ပါပြီ။   

       

The SAEM ရဲ့ Facebook  နဲ့ Twitter account တွေမှာပြထားတဲ့ပုံအရတော့ ဒီ collection လေးကမကြာခင် ကိုရီးယားမှာရောက်ရှိတော့မည့် နွေရာသီအတွက်ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ Product Detail အသေးစိတ်တော့မချပြသေးပေမည့် The SAEM ကတင်ထားတဲ့ ပုံအရတော့ နွေရာသီနဲ့ကိုက်ညီတဲ့ makeup နဲ့ skincare item လေးတွေတော်တော်များများပါဝင်တာကိုလည်းတွေ့ရပါတယ်။

ဒီ The SAEM x Over Action Little Rabbit Collection မှာပါဝင်တဲ့ item လေးတွေကိုလေ့လာရသလောက် ဖော်ပြပေးရရင်တော့ The SAEM ရဲ့ Lip Paint series နဲ့ Eyepencil လေးတွေပါဝင်တာကိုတွေ့ရသလို Sunstick နှင့် Sun Cushion လည်းပါဝင်ပါတယ်။

 

Cushion နှင့် No Sebum Pact လေးတွေကိုလည်း Over Action Little Rabbit စတစ်ကာပုံအမျိုးမျိုးနှင့်လည်းတွေ့ရသေးလို့ အရမ်းကိုချစ်ဖို့ကောင်းပါတယ်။ Makeup Remover Tissue ကိုလည်းပါဝင်တဲ့ ပစ္စည်းတွေထဲမှာတွေ့ရပြီးတော့ Soothing Gel ကို pack ပုံစံနှင့်ရော tube ပုံစံနှင့်ပါချစ်စရာကောင်းအောင်ထုတ်ထားသေးတာကြောင့် အကုန်လုံးကို လိုချင်စရာကောင်းနေတာပါ။ မကြာခင်မှာဈေးကွက်ထဲရောက်လာမယ့် ဒီ Summer Collection လေးကို ပျိုတို့ကြိုပြီးရင်ခုန်လို့အောင်ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

References : www.facebook.com/thesaem/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password