နွေရဲ့နေအပူကို အံတုဖို့ The Saemရဲ့ Eco Earth Powder Pink Suncream

ပူပြင်းလွန်းလှတဲ့နွေရာသီကို ရောက်လာပြီဆိုတော့ နေပူရှိန်ကလည်း အရင်ကထက်ပိုပြီး စူးရှလာတာကို သတိထားမိကြမှာပါ။ နေပူဒဏ်က ပျိုလေးတို့ရဲ့ အသားအရေကို အတော်လေးထိခိုက်စေတာကြောင့် နွေရာသီမှာ နေပူပူကို အံတုနိုင်ဖို့အတွက် ပစ္စည်းကောင်းလေးတစ်ခုကို ညွှန်းပေးချင်ပါတယ်နော်။

 

ဒီပစ္စည်းလေးကတော့ The Saem ရဲ့ Eco Earth Powder Pink Suncream ပဲဖြစ်ပါတယ်။ The Saem က Eco brand တစ်ခုဖြစ်တဲ့အတိုင်း Suncreamကိုလည်း Chemical filterတွေကိုမသုံးဘဲ နေပူဒဏ်ကိုသဘာဝအတိုင်း ကာကွယ်ပေးတဲ့ Physical filterတွေသာသုံးထားတာကြောင့် မျက်နှာနဲ့မျက်လုံးတစ်ဝိုက်ကိုလည်း လိမ်းနိုင်သလို Sensitive skin တွေအတွက်လည်း စိတ်ချလက်ချသုံးနိုင်ပါတယ်။ ဒီနေရာမှာ Chemical filter နဲ့ Physical filter ကွာခြားချက်လေးလည်းရှင်းပြချင်ပါသေးတယ်။ Chemical filter ပါတဲ့ suncream တွေက UVတွေကို စုတ်ယုပြီး အရေပြားကို မထိုးဖောက်နိုင်အောင် ကာကွယ်ပေးတာမျိုးဖြစ်ပြီး Physical filterကတော့ သဘာဝဆန်ဆန် UV rays တွေကို filterတစ်ခုလို ကာကွယ်ပေးတာပဲဖြစ်ပါတယ်။ Chemical filterတစ်ချို့က အချိန်နည်းနည်းကြာလာရင် UV raysတွေကို ကြာကြာမစုတ်ယူနိုင်တာကြောင့် sensitive skinပိုင်ရှင်တွေအနေနဲ့ physical filterပါတဲ့ suncreamမျိုးကိုသာရွေးချယ်သင့်ပါတယ်။

The Saem ရဲ့ pink suncreamလေးအကြောင်းဆက်ပြောရမယ်ဆိုရင်တော့ ဒီsuncreamလေးမှာ soothing effectလည်းပါတာကြောင့် အသားအရေကိုအေးမြစေပါတယ်။ ပြီးတော့ လေထုထဲကအညစ်အကြေးတွေကနေလည်း ကာကွယ်ပေးပါသေးတယ်။ပါဝင်တဲ့ သဘာဝပစ္စည်းတွေထဲမှာ သဘာဝအပင်၄မျိုးရဲ့ ဓာတ်က အသားအရေကို UVကဖြစ်တဲ့ stressတွေကနေလည်း ကင်းဝေးစေပါတယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။Suncreamရဲ့ textureလေးကတော့ မထူမပါးနဲ့ ပန်းရောင်ဖျော့ဖျော့လေးသန်းနေပြီး လိမ်းလိုက်ရင် အသားအျရကိုပါ ဖြူသွားစေတာမို့ အသားညိုတဲ့ပျိုလေးတို့အနေနဲ့ Suncreamလိမ်းပြီးရင် တစ်ခြားfoundationတစ်ခုခုပြန်လိမ်းပေးဖို့တော့ လိုပါလိမ့်မည်။ လိမ်းထားပြီးရင် ၁၀မိနစ်အတွင်း ခြောက်သွေ့စေတာမို့ စေးကပ်ကပ်ကြီးဖြစ်မှာလည်း မပူရပါဘူး။လိမ်းထားပြီးတဲ့အခါမှာလည်း အနံ့လေးက သိပ်မစူးတာကြောင့် အဆင်ပြေတယ်လို့ဆိုရမှာပါ။

အခုဖော်ပြပေးလိုက်တဲ့ The Saem Eco Earth Powder လေးကိုသုံးပြီး နွေဒဏ်ကို အံတုနိုင်ကြပါစေရှင်။

 

 

 

 

References : cosmeperks.com
Photo references : www.thesaemcosmetic.com
www.flickr.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password