အဆီပြန်တတ်သူ Beautiesတို့ ဂရုပြုသင့်တဲ့ အချက်များ

ကဲဒီနေ့မှာတော့ အဆီပြန်တတ်တဲ့ Beauties တို့ အတွက် အသားအရည် ကို ဘယ်လို ထိန်းသိမ်းသင့်လဲဆိုတဲ့အကြောင်းလေးကို ဝေမျှချင်ပါတယ်။
အဆီပြန်တတ်တဲ့သူတွေ အနေနဲ့ ဂရုတစိုက်အသုံးပြုပေးရမယ့် အရာကတော့ Toner ပဲဖြစ်ပါတယ်။ Toner ဟာဆိုရင် မျက်နှာမှာရှိတဲ့ အဆီတွေကို ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ မျက်နှာပြင်မှာရှိတဲ့ အဆီဖုတွေကိုလည်းသက်သာစေပြီး ချွေးပေါက်လေးတွေကိုလည်း ကျဉ်းစေနိုင်တဲ့ အစွမ်းသတ္တိ လည်းရှိပါတယ်။


Primer ကလည်း အဆီပြန်တတ်တဲ့ သူတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်နော်။ Primer ရဲ့ အစွမ်းသတ္တိကတော့ လိမ်းထားတဲ့ မိတ်ကပ်တွေကို ကြာရှည်အောင် ထိန်းသိမ်းပေးနိုင်စွမ်းရှိခြင်းပါပဲနော်။ ပြီးတော့လည်း Primer က အဆီပြန်ခြင်းကိုထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။


အဆီပြန်တတ်တဲ့သူတွေအနေနဲ့ Foundation လိမ်းတဲ့အခါ သတိပြုရမယ့် အချက်ကိုဖော်ပြချင်ပါတယ်။ Foundation လိမ်းတဲ့အခါမှာ ခပ်ထူထူလိမ်းခြင်းထက် ပါးပါးလေးလိမ်းဖို့ကို ပိုပြီး အကြံပြုချင်ပါတယ််နော်။ မိတ်ကပ် ခပ်ထူထူ လိမ်း ခြင်းက အခန့်မသင့်ရင် အသားအရေ နီမြန်းလာတာတွေ၊ ချွေးပေါက်ပိတ်ဖို့ အားပေးတာတွေ၊ ဝက်ခြံ တွေကိုဖြစ်လာနိုင်စေပါတယ်။ Foundation ရွေးချယ်တဲ့အခါမှာလည်း Water Base Foundation မျိုးကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။


Two Way ( သို့ ) powder သုံးတဲ့ အခါမှာလည်း Oil Control ဒါမှမဟုတ် Oil Free ဖြစ်တဲ့ Product မျိုးကိုအသုံးပြုစေချင်ပါတယ်နော်။ နောက်ဆုံးတစ်ခုအနေနဲ့ အဆီပြန်တတ်တဲ့ Beauties တွေ သွားလေရာရာ ပါသင့်တဲ့ Product ကတော့ အဆီစုပ် စက္ကူပဲဖြစ်ပါတယ်။
ကဲ Beauties တို့ကိုလည်း KI သိသလောက် ပြောပြပြီးသွားပြီဆိုတော့ Beauties တို့လည်း ဗဟုသုတတွေရမယ်လို့ မျှော်လင့်တယ်နော်။ Beauties တို့အားလုံး ပျော်ရွှင်တဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။

image source : pixabay.com, webcrawler.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password