မနက်ခင်းနိုးထလာချိန်မှာ ပြီးပြည့်စုံတဲ့အလှကို ခံစားရအောင်

ညအိပ်ချိန်ဆိုတာကတော့ တစ်နေ့တာလုံး ပင်ပန်းထားသမျှကို အနားယူအိပ်စက်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကောင်းကောင်း အိပ်ပျော်မှသာ နောက်နေ့မနက်မှာ အားအင်အပြည့်နဲ့ နိုးထခွင့်ရရှိမှာပါ။ အခုပြောပြပေးချင်တာကတော့ မနက်နိုးတဲ့အချိန်မှာ ပြီးပြည့်စုံတဲ့အလှကို ခံစားရအောင်လို့ ညအိပ်ယာ မဝင်ခင် အချိန်ခဏလေးပေးပြီး အလှအပအတွက် ဘယ်လိုတွေ ပြင်ဆင်ပေးသင့်သလဲဆိုတာတွေပါ။

 

ခြေထောက်လေးကို ပန်းနုရောင်လေး ဝင်းနေစေချင်တယ်ဆိုရင်

အလှတရားတွေ ပြည့်စုံဖို့အတွက်ကတော့ ခေါင်းအစ ခြေအဆုံးလိုအပ်ပါတယ်နော်။ တကယ်လို့ ခြေထောက်လေးတွေမှာ အသားမာတွေနဲ့ ဖြစ်နေမယ်ဆိုရင်တော့ အလှတွေကို လျော့နည်းစေနိုင်မှာပါ။ ဒါအတွက်ကတော့ ခြေထောက်တွေကို အရင်ဆုံး သန့်စင်သွားအောင် ဆေးကြောလိုက်ပါ။ ပြီးရင် သံလွင်ဆီကို အပူပေးပြီး သံလွင်ဆီနွေးနွေးလေးနဲ့ ခြေထောက် တစ်ခုလုံးကို နှိပ်နယ်ပေးပါ။ သံလွင်ဆီတွေကို အသားထဲစိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပြီးပြီဆိုရင်တော့ ခြေအိတ်စွပ်ပြီး အိပ်ယာဝင်လိုက်ရုံပါပဲ။ မနက်မိုးလင်းတဲ့အချိန်မှာ ခြေဖဝါးလေးတွေက ပန်းရောင် ဖြစ်ပြီး နူးညံ့နေတာကို ခံစားရမှာပါ။

ဆံသားတွေ သန်စွမ်းဖို့အတွက်ဆိုရင်တော့

ဆံပင်ဆိုတာ ဒုတိယမျက်နှာပါ။ ဆံသားတွေ ထူပြီး သန်စွမ်းနေတာကတော့ မက်မောစရာကောင်းလှတဲ့အရာပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်ဖို့အတွက်ဆိုရင် ညအိပ်ယာဝင်ခါနီးအချိန်မှာ လိမ်းနေကျ ခေါင်းလိမ်းဆီအထဲမှာ လာဗင်ဒါအရည် တစ်စက်နှစ်စက်ရောပြီး ဦးရေပြားကို ထိအောင်လိမ်းပေးပါ။ လိမ်းတဲ့အချိန်မှာလည်း ဦးရေပြားထဲ စိမ့်ဝင်သွားအောင်လို့ လက်ချောင်းထိပ်လေးတွေကိုသုံးပြီး နှိပ်နယ်ပေးပါနော်။ ဒီလို ပြုလုပ်ပေးတာကတော့ ဦးရေပြားကိုကျန်းမာစေတဲ့အတွက် ဆံသားတွေကိုကောင်းမွန်လာစေပြီး ဆံပင်ကျွတ်တာကိုသက်သာစေနိုင်ပါတယ်။

လက်တွေကို နူးညံ့စေဖို့ အတွက်ဆိုရင်တော့

တစ်ယောက်ယောက်က ကိုယ့်လက်ကို ကိုင်လိုက်တဲ့အချိန်မှာ နူးညံ့နေစေချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့်နည်းလေးကို ပြုလုပ်ပေးပါ။ သံလွင်ဆီလက်ဖက်ရည်ဇွန်း တစ်ဝက်ကို သကြား (သို့) ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ရောပြီး လက်ဖဝါးတွေကို ပွတ်တိုက်ပေးပါ။ ဒီပွတ်တိုက်နည်းက လက်တွေတင်မကဘဲ ခြေထောက်တွေမှာပါ ပြုလုပ်ပေးနိုင်ပါတယ်။ လက်တစ်ခုလုံးကို နှံ့သွားအောင် ပွတ်တိုက်ပေးပြီးပြီ ဆိုရင်တော့ ဆပ်ပြာနဲ့ ပြန်သန့်စင်ပေးလိုက်ပါ။ Hand Cream တစ်ခုခုကို လိမ်းပြီး လက်အိတ်ပါးပါးလေးစွပ်ပြီး အိပ်လိုက်ပါ။ မနက်မိုးလင်းလို့ လက်အိတ်ကို ချွတ်လိုက်တဲ့အချိန်မှာ လက်ဖဝါးတွေနူးညံ့နေမှာပဲ ဖြစ်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password