လက်ဖဝါးနုနုလေးတွေဖြစ်အောင် ဒီနည်းလေးတွေကို သုံးပေးပါ

လက်ဖဝါးနုနုလေးတွေ လက်ချောင်းဖြူဖြူလေးတွေ ဆိုတာကတော့ မိန်းကလေးတွေ မက်မောကျတဲ့အရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ လက်ဖဝါးလေးတွေ နူးညံ့ဖို့အတွက် ဘာတွေ ပြုလုပ်ပေးလို့ ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အခု ပြောပြပေးမယ့်နည်းလေးတွေကို ပြုလုပ်ပေးမယ် ဆိုရင်တော့ လက်ဖဝါးလေးတွေက နူးညံ့ပြီး ပန်းနုရောင် တောက်နေမှာ သေချာပါတယ်။

သကြား (သို့) ဆား

ဒီနည်းလေးကတော့ အလွယ်ကူဆုံးနည်းလမ်းလေးလို့ ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။ လက်ကလေးတွေကို ရေအနည်းငယ်စွတ်ပြီး ဆား (သို့) သကြား အနည်းငယ်ကိုယူပြီး လက်ဖဝါး နှစ်ဖက်ကို အသာအယာ ပွတ်တိုက်ပေးပါ။  ၄ – ၅ မိနစ်လောက် ပြုလုပ်ပေးပြီးရင် ရေနဲ့ ပြန်လည် ဆေးကြောပေးနိုင်ပါတယ်။ ဆား (သို့) သကြားနဲ့ ပွတ်တိုက်ပေးတာကတော့ လက်မှာ ရှိတဲ့ အသားမာတွေကို ကင်းစင်သွားစေနိုင်ပြီး လက်ဖဝါးမှာ ရှိတဲ့အညစ်အကြေးတွေကို သန့်စင်စေနိုင်ပါတယ်။

သံလွင်ဆီ နဲ့ သကြား

သကြားကို ဒီအတိုင်းလေးပဲ အသုံးပြုလို့ ရသလို သံလွင်ဆီနဲ့ရောပြီး အသုံးပြုပေးလို့လည်း ရပါတယ်။ သံလွင်ဆီ ဆိုတာကတော့ အသားအရေကို နူးညံ့စေတဲ့ အစွမ်းရှိတဲ့အတွက် အသားအရေကို ပိုမို နူးညံ့ချောမွေ့စေနိုင်ပါတယ်။ သကြားကတော့ အသားမာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Glycerin နဲ့ သံပုရာရည်

သံပုရာရည်ဆိုတာကတော့ အညစ်အကြေးတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ အလှဆီတွေထဲမှာတော့ Glycerin က အသားအရေလှပမှု အတွက် ထိရောက်မှု အရှိဆုံးအရာပါ။ လက်ဖဝါးမှာရှိတဲ့ အညစ်အကြေးတွေက သံပုရာရည်အစွမ်းကြောင့် ကင်းစင်သွားတဲ့အချိန်မှာ Glycerin ကတော့ အသားအရေ လှပဖို့အတွက် ဖြည့်တင်းပေးနိုင်တဲ့အတွက်ပါ။

ကြက်ဥအနှစ်

ဒီနည်းလေးကတော့ နည်းနည်းထူးတဲ့နည်းလေးပါ။ ကြက်ဥအနှစ်ကို အသုံးပြုပြီး ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ကြက်ဥအနှစ်ကို သုံးပါဆိုလို့ ကြက်ဥအကာ အလကား ဖြစ်သွားမှာကို မစိုးရိမ်ရပါဘူး။ ကြက်ဥအကာကို မျက်နှာမှာ လိမ်းပေးတာကတော့ အသားအရေကို ကြည်လင် လှပစေနိုင်တဲ့အတွက် ကြက်ဥအကာကို မျက်နှာအတွက် အသုံးပြုပေးပြီး ကြက်ဥအနှစ်ကိုတော့ လက်ဖဝါးလေးတွေနူးညံ့နေဖို့ အတွက် အသုံးပြုပေးလိုက်ပါ။

 

လက်ဖဝါးလေးတွေ ဖြူဖွေးပြီး နူးညံ့နေဖို့ အတွက်ကတော့ ဒီနည်းလေးတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ လွယ်ကူလှတဲ့နည်းလေးတွေကို ပြုလုပ်ပေးပြီး ပျိုမေတို့ရဲ့ လက်ဖဝါးလေးတွေ နူးညံ့နိုင်ပါစေလို့ ဝေမျှလိုက်ရပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password