Tom Ford ရဲ့ နောက်ဆုံးထုတ် Lost Cherry Eau de Parfum

မွှေးရနံ့ ဆိုတာကတော့ လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုတွေ အထဲက တစ်ခုပဲ ဖြစ်ပါတယ်။ အပြင်သွားတဲ့အချိန်မှာ ကိုယ့်အနား ဖြတ်သွားတဲ့သူပဲ ဖြစ်ဖြစ် ကိုယ်နဲ့ စကား ပြောတဲ့သူပဲ ဖြစ်ဖြစ် ကိုယ့်ဘေးနား ရှိတဲ့သူက ကိုယ့်ဆီက အနံ့ သင်းသင်းလေးကို ရရှိ ခံစားရမယ် ဆိုရင်  ဆွဲဆောင်မှု ရှိတဲ့အချက်တစ်ချက်ဖြစ်နေမှာပါ။

ဒီလို ဆွဲဆောင်မှု ရှိတဲ့သူ ဖြစ်ဖို့အတွက် Cosmetic Myanmar က ပြောပြပေးချင်တာ တစ်ခု ရှိပါတယ်။ ဒါကတော့ Tom Ford ရဲ့ နောက်ဆုံးထုတ် Lost Cherry Eau de Parfum  ရေမွှေးလေးပဲ ဖြစ်ပါတယ်။ ဒီရေမွှေးလေးကတော့ ချိုမြိန်တဲ့ချယ်ရီသီး၊ ခါးဆိမ့်တဲ့ မက်မွန်၊ စံပယ်နဲ့ ဗနီလာတို့ကို အချိုးကျကျ ပေါင်းစပ်ပြီးမှ ရရှိလာတဲ့အနံ့မျိုးပါ။

ဗူးပုံစံလေးကတော့ အပန်းရောင် ဖန်ဘူးလေးနဲ့ အတွင်းကတော့ ချယ်ရီသီးရောင်လေး ထုတ်လုပ်ထားတာပါ။ ပါဝင်တဲ့ပမာဏကတော့ ၅၀ ml ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အမြင့်စား ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် အမေရိကန် ဒေါ်လာ ၃၂၀ ကျသင့်ပါတယ်။

အနံ့သင်းသင်းလေးနဲ့ တစ်ခါ ဆွတ်လိုက်ရင် တစ်နေကုန် ဘေးနား ဖြတ်သွားတဲ့သူတိုင်းကို ဆွဲဆောင်နိုင်မယ့် အနံ့မျိုးအတွက်ဆိုရင်တော့ Tom Ford ရဲ့ နောက်ဆုံးထုတ် Lost Cherry Eau de Parfum လေးနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်နော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password