Monsta X နဲ့လက်တွဲပြီး Lip Tint အသစ်လေးတွေမိတ်ဆက်လိုက်တဲ့ Tony Moly

နာမည်ကြီးတဲ့ အဆိုတော်တွေ အဖွဲ့တွေကိုသုံးပြီး သူတို့ရဲ့ brand တွေကိုကြော်ငြာတတ်တဲ့ ကိုရီးယား makeup brand တွေရဲ့ထုံးစံအတိုင်း ဒီတစ်ခါမှာလည်း Tony Moly ကနေပြီးတော့ Monsta X အဖွဲ့နဲ့လက်တွဲပြီးတော့ liptint series အသစ်လေးကိုမိတ်ဆက်ပေးလိုက်ပြန်ပါပြီ။ ဒီ liptint လေးတွေရဲ့နာမည်ကတော့ ‘Lip Tone Get It Tint S’ ဆိုတဲ့ series လေးပဲဖြစ်ပါတယ်။


ဒီ ‘Lip Tone Get It Tint S’ ဆိုတဲ့ series လေးမှာ အရောင် ၆ရောင်ပါဝင်တာကိုတွေ့ရပါတယ်။ Monsta X အဖွဲ့မှာအဖွဲ့ဝင် ၇ယောက်ရှိတာမို့လို့ အဖွဲ့ဝင် Shownu နဲ့ Minhyuk ကတော့ အရောင်အတူတူပဲဖြစ်ပြီး ကျန်တဲ့ member ၅ယောက်ကတော့ မတူညီတဲ့အရောင်တစ်ရောင်စီကိုကိုယ်စားပြုနေကြပါတယ်။ ဒီ liptint series မှာပါဝင်တဲ့အရောင်တွေနဲ့ ဒီအရောင်တွေကို ကိုယ်စားပြုတဲ့ member တွေကတော့

1. Baby Coral – I.M
2. Spicy Ruby – Shownu/Minhyuk
3. Pink Coaster – Hyungwon
4. Red Hot – Jooheon
5. Oh My Rose – Kihyun နဲ့
6. Chili Pepper – Wonhoတို့ပဲဖြစ်ပါတယ်။

နာမည်လေးတွေကြည့်တာနဲ့တင် ပန်းရောင်၊ အနီရောင် နဲ့ Coral Color တွေဦးစားပေးထားမှန်းသိစေတဲ့ဒီ Get It Tint S series လေးရဲ့အရောင်လေးတွေကိုသေချာသိချင်တဲ့ပျိုလေးတွေအတွက်လည်း color swatch လေးတွေပြထားပေးတာမို့ ကိုယ်ကြိုက်တဲ့အရောင်ကိုရွေးချယ်နိုင်ပါတယ်။ Monbebe တွေကတော့ ကိုယ့် bias ရဲ့ အရောင်ကိုရွေး~😉

အခုချိန်မှာတော့ ဒီ tint လေးတွေကို ကိုရီးယားမှာ order စဖွင့်နေပြီလို့သိရတာကြောင့် မကြာခင်မြန်မာနိုင်ငံက Tony Moly ဆိုင်ခွဲတွေကိုရောက်လာတဲ့အခါမှာ အလွယ်တကူရွေးချယ်နိုင်အောင်လို့ဖော်ပြလိုက်ရပါတယ်နော်။

Image Source -www.etonymoly.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password