နှစ်သစ်မှာ ဆံပင်အရောင်အသစ်နဲ့ လန်းချင်တဲ့သူတွေအတွက် Tony Moly x Monsta X

နှစ်သစ်ရောက်ပြီဆိုတော့ New Year, New Me လို့ပြောကြသလို New Year, New Hair လုပ်ချင်ကြတဲ့ ပျိုပျိုတို့ ကိုကိုတို့လည်းရှိကြမှာပေါ့။ ဒါဆိုရင်တော့ နှစ်သစ်နဲ့အချိန်မီ မိတ်ဆက်ပေးလိုက်တဲ့ Tony Moly x Monsta X ရဲ့ ပစ္စည်းအသစ်လေးကို ပြောပြချင်ပါတယ်။

ဒီ ပစ္စည်းလေးရဲ့နာမည်ကတော့ Personal Hair- Color blending treatment ဖြစ်ပြီးတော့ အရှေ့တွေမှာမင်မင်ပြောပြခဲ့ဖူးတဲ့ Get It liptint လိုမျိုး Monsta X အဖွဲ့နဲ့ပေါင်းပြီးထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ Color blending treatment ဖြစ်တာမို့ ဆံပင်ပျက်စီးမှာကြောက်လို့ ဆံပင်မဆိုးရတဲ့သူတွေအတွက်တော့ သတင်းကောင်းပါ၊ ဘာလို့လဲဆိုတော့ ဆံပင်ကိုမထိခိုက်စေပဲ ပိုပြီးတောင်ကောင်းစေဖို့ color treatment ပုံမျိုးလေးထုတ်ထားတာကြောင့်ပါပဲ။ Treatmemt မှာ Damage Care လည်းပါဝင်တာမို့ ပျက်စီးနေတဲ့ဆံသားတွေအတွက်ပါ စိတ်ချလက်ချသုံးနိုင်တာပါတယ်။

Monsta X အဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးထုတ်ထားတာဖြစ်လို့ ဒီ color blending treatment မှာ member တစ်ယောက်ကို တစ်ရောင်စီနဲ့ အရောင် ၇မျိုးရှိပါတယ်။ ဒီအရောင်တွေနဲ့သူတို့ကို ကိုယ်စားပြုတဲ့ Monsta X အဖွဲ့ဝင်တွေကတော့-

၁။ စိမ်းပြာရောင် Green Blue by Shownu

၂။ အပြာရင့်ရင့် Ash Blue by Wonho

၃။ အစိမ်းရောင် Ash Green by I.M

၄။ အနီရောင် Cherry Red by Minhyuk

၅။ အညိုရောင် Dark Brown by Jooheon

၆။ ပန်းရောင် Peach Pink by Hyungwon နဲ့

၇။ ခရမ်းရောင် Ash Violet by Kihyun တို့ပဲဖြစ်ပါတယ်။

အရောင်ထွက်တွေကတော့ လုံးဝပင်ကိုအနက်ရောင်ဆံပင်ပေါ်မှာဆိုရင်တော့ ပုံမှာပြထားတာလောက်တော့အရောင်မတောက်ပေမယ့် bleached လုပ်ထားတဲ့သူဆိုရင်တော့ ပြထားတဲ့အရောင်အတိုင်းထွက်ပါတယ်။ ကဲ ဒါဆိုရင်တော့ နှစ်သစ်မှာဆံပင်အရောင်သစ်နဲ့ လန်းချင်တယ်ဆိုရင် Tony Moly x Monsta X ရဲ့ color blending treatment ကိုအခုပဲ online ကနေ order လိုက်ရအောင်~

image references : http://tonystreet.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password