Christmas Mood ကိုစပြီးတော့အသက်ဝင်လာစေမယ့် Too Faced Gingerbread Spice Palette

အခုချိန်က October လတောင်မရောက်သေးတယ့်အချိန်မို့လို့ Christmas အတွက်ရင်ခုန်ဖို့နည်းနည်းလိုသေးတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် Too Faced ကတော့ Christmas Mood ကိုအခုထဲကကြိုပြီးရင်ခုန်ရအောင်လို့ Gingerbread Spice Palette ကိုချပြလိုက်ပါပြီ။

ဒီ eyeshadow palette လေးက Christmas နဲ့ဆောင်းရာသီ theme လေးဖြစ်တာနဲ့အညီ color swatch တွေကလည်း warm tone ဘက်ကိုသွားတဲ့အရောင်တွေများပါတယ်။ ဒီ Palette လေးမှာ အရောင် ၁၈ရောင်ပါဝင်ပြီး အရောင်လေးတွေကိုပေးထားတဲ့နာမည်တွေကလည်း Christmas နဲ့ဆောင်းရာသီကိုသတိရစေတဲ့နာမည်လေးတွေဖြစ်တဲ့ Reindeer Paw, Gingerbread Latte, Frostbite Me, Spiced Rum အစရှိတဲ့နာမည်လေးတွေဖြစ်တာကိုလည်းတွေ့ရပါတယ်။

Too Faced ရဲ့ထုံးစံအတိုင်း Sweet Peach တို့ Chocolate တို့တုန်းကလိုပဲ ဒီ Gingerbread Spice Palette လေးကလည်း တစ်ကယ့် Gingerbread အနံ့သင်းနေပါတယ်လို့လည်းဆိုကြပါတယ်။ အရောင်ငြိမ်ငြိမ်ရင့်ရင့်ကိုကြိုက်တဲ့သူတွေအတွက်တော့ ဒီ palette လေးကိုကြိုက်ကြမှာသေချာပြီး ဒီ palette တစ်ခုကို ၄၉$ တန်တယ်လို့လည်းသိရပါတယ်။

 

Limited Edition အနေနဲ့ထုတ်တာဖြစ်လို့ ခုချိန် Too Faced ရဲ့ website မှာတော့ sold out ဖြစ်နေတာတွေ့ရတာကြောင့် ဒီ palette လေးကိုလိုချင်တဲ့ပျိုလေးတွေအတွက်တော့ Too Faced ကထပ်ထုတ်မယ့်အချိန်ကိုစောင့်ရင်း ကြိုရင်ခုန်နိုင်ဖို့ဖော်ပြလိုက်ရပါတယ်နော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password