Color တစ်ရောင်တည်းသာ ထွက်ရှိလာတဲ့ Too Faced ရဲ့ Limited Edition Lipstick လေးအကြောင်း

Too Faced ရဲ့  Limited Edition တစ်ခုဖြစ်တဲ့ Color တစ်ရောင်တည်းသော Lipstick လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ Too Faced ဆိုတာကတော့ မိန်းကလေးအများစုနဲ့ ရင်းနှီးပြီးသား Brand တစ်ခုဖြစ်ပါတယ်။ Too Faced ကနေထွက်တဲ့ Sweet Peach Eyeshadow နဲ့ Chocolate Bar Eyeshadow တွေဟာ မိန်းကလေးအများစုကြားမှာ ဝယ်ယူအားပေးမှုများပြီး လူသိပိုများလာတဲ့  Brand တစ်ခုလည်းဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ Too Faced Brand ရဲ့ အကြောင်းကို သတိထားမိလောက်ပြီပေါ့နော်။

               

အခုမိတ်ဆက်ပေးချင်တဲ့ lipstick လေးကတော့ မကြာခင်ကပဲ New Limited Edition ဆိုပြီး Too Faced ကနေ Lipstick အသစ်လေး ထွက်လာတာ ဖြစ်ပါတယ်။ ဒီ lipstick လေးကတော့  အုတ်ခဲကျိုးရောင်လို နီညိုရောင်ဆန်းဆန်းလေး ဖြစ်ပါတယ်။ အရောင်တစ်ရောင်တည်းသာထွက်ရှိထားတာဖြစ်လို့ ဒီအရောင်လေးကို ကြိုက်နှစ်သက်သော သူများအဖို့ ရှိထားသင့်တဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ ဒါပေမဲ့ လူတိုင်းနဲ့ လိုက်ဖက်တဲ့အရောင်ဖြစ်လို့ တော်တော်များများကြိုက်နှစ်သက်လောက်မယ်လို့ ထင်ပါတယ်။ Medium skin Tone တွေအတွက် Light ဖြစ်မယ့်အရောင်လေးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနံ့လေးကတော့ အခြား ရဖူးနေကျ ပန်းနံ့တွေ အသီးနံ့တွေ မဟုတ်ဘဲ Gingerbread ဆိုတဲ့အတိုင်း ဂျင်းနံ့သင်းသင်းလေး ဖြစ်ပါတယ်။ Creamy Type ဖြစ်တဲ့အတွက် ဆိုးလိုက်တဲ့အခါမှာ Smooth ဖြစ်တာကြောင့် စိတ်ကို Comfortable ဖြစ်နေစေပါတယ်။ Longwear ဖြစ်တာကြောင့် တစ်နေကုန်ကြာရှည်ခံနေမှာ ဖြစ်ပါတယ်။ ဆိုးပြီးအကြာမှာတော့ Matte Type ဖြစ်တာကြောင့် နှုတ်ခမ်းသားလေးကို နဂိုထက်ပိုမိုပြီး ပေါ်လွင်စေပါတယ်။ Avocado Oil, Vitamin E, and Hyaluronic Filling Sphere ပါဝင်တာကြောင့် နှုတ်ခမ်းသားခြောက်သွေ့ပြီး ရေဓာတ်ဆုံးရှုံးမှုလည်း မဖြစ်စေပါဘူး။

ကဲ ဒါဆိုရင်တော့ မိန်ကလေးအများစုစိတ်ဝင်စားနေသော Too Faced ရဲ့ Limited Edition ဖြစ်တဲ့ MELTED MATTE GINGERBREAD ဆိုတဲ့ Lipstick လေးအကြောင်းကို သိပြီဆိုတော့ Sold Out မဖြစ်ခင် ဝယ်ယူလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

 

Image Source : https://www.toofaced.com

https://www.instagram.com/toofaced/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password