နှာခေါင်းမှာ ရှိတဲ့ ဆားဝက်ခြံတွေကို အမြစ်ပြတ်အောင်

ဆားဝက်ခြံလေးတွေ ဆိုတာကတော့ အသားအရေတိုင်းမှာ ဖြစ်ပေါ် တတ်တဲ့ဝက်ခြံ အမျိုးအစားပဲ ဖြစ်ပါတယ်။ တချို့ အသားအရေလေးတွေကတော့ ရိုးရိုးဝက်ခြံတွေ မပေါက်တတ်ပေမယ့် ဆားဝက်ခြံကတော့ ကင်းတဲ့သူ မရှိပါဘူး။ ဆားဝက်ခြံဆိုတာ နေရာတိုင်းမှာ ပေါက်တတ်ပေမယ့် အပေါက်အများဆုံးကတော့ နှာခေါင်းနားတစ်ဝိုက်ပဲ ဖြစ်ပါတယ်။ အခု ပြောပြပေးချင်တာကတော့ ဆားဝက်ခြံတွေ အမြစ် ပြတ်သွားအောင် ဘယ်လို ပြုလုပ်ရမလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။

ဘာကြောင့် ဆားဝက်ခြံ ဖြစ်ပေါ်ရတာလဲ

ဆားဝက်ခြံ ဖြစ်ပေါ်ရခြင်း အကြောင်းက ချက် ရှိပါတယ်။ အပေါ်ယံ အသားအရေ မသန့်ရှင်းတဲ့အတွက်နဲ့ ကိုယ်တွင်းက သွေးသားတွေကြောင့်လို့ ဆိုရမှာပါ။ အပေါ်ယံအသားအရေ အတွက်ကြောင့် ဖြစ်တာတွေကို ကာကွယ်ဖို့ အတွက်ကတော့ မျက်နှာကို သန့်စင်အောင် ထားပေးရမှာပဲ ဖြစ်ပါတယ်။ ညအိပ်ခါနီး အချိန်တွေ ဆိုရင် မျက်နှာမှာ ရှိတဲ့အညစ်အကြေးတွေကို ပြောင်စင်အောင် မျက်နှာ သေချာ သစ်ပေးပါ။ ခေါင်းအုံးစွပ်တွေကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် လဲလှယ်ပေးပါ။ ကိုယ်တွင်းကြောင့် ဝက်ခြံ ထွက်တာမျိုးကို သက်သာစေရန်အတွက်ကတော့ အစားအသောက်ကို ဆင်ခြင်ပေးရမှာပါ။ အရသာ ပြင်းလွန်းတဲ့အစားအသောက်တွေ ဖြစ်တဲ့   ချိုလွန်းတာ၊ စပ်လွန်းတာ၊ ငန်လွန်းတာ စတဲ့အစားအစာတွေကို ရှောင်ကြည်ပေးပါ။ အသီးအနှံတွေ အသီးအရွက်တွေကို ပိုမို စားသုံးပေးပါနော်။

လိုက်နာပေးရမှာတွေကတော့

ဆားဝက်ခြံတွေ ပျောက်ကင်းဖို့အတွက်ကတော့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဆားဝက်ခြံတွေ အပေါ်မှာ  သွားတိုက်ဆေးလိမ်းပေးထားလို့လည်း ရပါတယ်။ သွားတိုက်ဆေးကို နှာခေါင်းနား တစ်ဝိုက် ဆားဝက်ခြံ ရှိတဲ့အပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်မိနစ် ၂၀ လောက် ထားပြီး ပြန်လည် သန့်စင်ပေးတာမျိုး ပြုလုပ်ပေးပါ။ နောက်တစ်နည်းကတော့ ရေနွေးငွေ့ပေးတာပဲ ဖြစ်ပါတယ်။ ဇလုံ တစ်ခုမှာ ရေနွေးပူပူကို ထည့်လိုက်ပါ။ ပြီးရင် ဇလုံပေါ် မျက်နှာအပ်ပြီး ရေနွေးငွေ့ကို မျက်နှာမှာ ထိအောင် ခံယူပေးပါ။ မျက်နှာမှာ ရှိတဲ့ ချွေးပေါက်တွေမှာ ရှိတဲ့ အညစ်အကြေးတွေက ရေနွေးငွေ့ကြောင့် သန့်စင်သွားတဲ့အတွက် ဆားဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

ဆားဝက်ခြံတွေ ပျောက်ကင်းသွားဖို့ အတွက်ကတော့ အသားအရေ အပေါ်ယံအလွှာကို ထိန်းသိမ်းပေးရုံတင်မကဘဲ အစားအသောက်တွေကိုပါ ဆင်ခြင်ပေးရမှာပဲ ဖြစ်တယ် ဆိုတာကို ပြောပြလိုက်ရပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password