Trilogy Very Gentle Cleansing Cream လေးနဲ့ဆို စိတ်ချမ်းသာရပြီလေ…..

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်အချိန်အခါဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်နော်။ နှစ်သစ်လဲရောက်ပြီဆိုတော့ အသစ်အသစ်သော Beauty Products တွေ အပြိုင်အဆိုင် မိတ်ဆက်နေကြတဲ့ အချိန်အခါလည်း ဖြစ်တာမို့ နှစ်သစ်မှာ မိမိနဲ့ကိုက်ညီတဲ့ Beauty Products တွေကို လေ့လာဝယ်ယူဖို့ရန်အတွက် အချိန်ကောင်းပါပဲနော်။ ဒီနေ့မှာတော့ Trilogy ရဲ့ Very Gentle Cleansing Cream လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Product လေးဟာ Sensitive Skin Type တွေ အသုံးပြုနိုင်ဖို့ရန်အတွက် အထူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ သာမန်အသားအရေတွေလည်း အသုံးပြုလို့ ရပါတယ်နော်။ အထူးသဖြင့် Sensitive Skin Type တွေအသုံးပြုတဲ့ Products တွေဟာ အသားအရေကို အရမ်းခြောက်သွေ့သွားစေတဲ့ Products မျိုး မဖြစ်စေဖို့ရန်အတွက် အရေးကြီးပါတယ်။ အသားအရေ ပိုမိုခြောက်သွေ့လေ အသားအရေကို ပိုမို ယားယံစေပြီး နီမြန်းမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒီတော့ ကိုယ်အသုံးပြုမယ့် Facial Foam နဲ့ Cleaser တွေဟာ Chemical ပါဝင်မှုနည်းပြီး အသားအရေထိခိုက်မှုနည်းစေမယ့် Product မျိုးကို သတိထားရွေးဝယ်ဖို့လိုအပ်ပါတယ်။

ဒီ Product မှာ Natural Spring Water, Camellia Oil နဲ့ Chamomile တို့ပါဝင်ပါတယ်။ ပါဝင်တဲ့ Ingredients တွေဟာ အသားအရေကို ချောမွေ့စေဖို့ရန်အတွက် သဘာဝအဆီအနှစ်များကို အသုံးပြုထားတဲ့အတွက်ကြောင့် အသားအရေကို သွေ့ခြောက်သွားခြင်းမျိုးမဖြစ်စေဘဲ အသားအရေအတွင်းဆုံးပိုင်းအထိ သန့်စင်ပေးပြီး အစိုဓာတ်ကို ဆက်လက်ထိန်းပေးထားပါတယ်။ အစိုဓာတ်ကို ဆက်လက်ထိန်းထားပေးနိုင်တဲ့အတွက်ကြောင့် အရေးအကြောင်းအတွက်လည်း စိုးရိမ်စရာမလိုတော့ပါဘူး။

အသုံးပြုတဲ့အခါမှာလည်း ပမာဏအနည်းငယ်ကို ယူပြီး သန့်စင်လိုတဲ့နေရာမှာ အသာအယာနှိပ်နယ်သန့်စင်ပေးရုံပါပဲ။ Eye Makeup တွေလည်း သန့်စင်လို့ရပါတယ်နော်။ ပြီးရင်တော့ Tissue ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ အသာအယာ အဝတ်ဖြင့် ပုတ်ပြီး အခြောက်ခံပြီး မနက်တကြိမ်၊ ညတကြိမ် အသုံးပြုနိုင်ပါတယ်။

ဈေးနှုန်းအားဖြင့် ဒေါ်လာ ၄၀ ဖြစ်ပြီး American Branded Online Shop တို့နဲ့ ချိတ်ဆက်မှာယူနိုင်ပါတယ်။

 

Image Source:  www.trilogyproducts.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password