Baby Powder လေးရဲ့ အသုံးဝင်ပုံတွေက ဘာတွေများ အံ့သြစရာကောင်းနေရတာလဲ

အလှအပရေးရာ အများစုကို Baby Powder လေးနဲ့ ရယူလိုက်နိုင်ပါတယ်။ Baby Powder တစ်ဗူးရှိရုံနဲ့ အလှအပနဲ့ဆိုင်တဲ့ ဘာတွေ ပြုလုပ်လို့ ရနိုင်မလဲ။ ဘယ်နေရာတွေမှာ အသုံးတည့်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ Powder တွေထဲမှာမှ Baby Powder ကို ရွေးချယ်လိုက်ရတာကတော့ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ပစ္စည်းတွေမှာက ဓာတုပစ္စည်းပါဝင်မှုနှုန်း နည်းလို့ပဲ ဖြစ်ပါတယ်။

အစွပ်ဖိနပ်မျိုးတွေ စီးမယ်ဆိုရင် မစီးခင်မှာ ဖိနပ်အောက်ခြေထဲကို Powder မုန့်လေးတွေ ဖြူးပေးလိုက်ပါ။ အစွပ်ဖိနပ်ဖြစ်တဲ့အတွက် ခြေဖဝါးတွေမှာ ချွေးတွေထွက်တာနဲ့ အနံ့နံခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဘွတ်ဖိနပ်တွေ စီးမယ်ဆိုရင် မစီးခင် ဖိနပ်အောက်ခြေမှာ ပေါင်ဒါမုန့်လေး အရင် ထည့်ပေးဖို့ မမေ့နဲ့နော်။

ဓါတ်ပုံတွေ ရိုက်မယ်ဆိုရင် မျက်နှာက နေရောင်အောက်မှာ ဖြစ်စေ မီးရောင်အောက်မှာ ဖြစ်စေ လိမ်းထားတဲ့မိတ်ကပ်ကြောင့် မျက်နှာ အလင်းပြန်တာကို လျော့နည်းစေနိုင်ပါတယ်။

မိတ်ကပ်အပြည့်လိမ်းပြီးတဲ့အချိန်မှာမှ အပေါ်ကနေ Baby Powder နည်းနည်းထပ်လိမ်းပေးလိုက်တာကတော့ မျက်နှာကို သိပ်သိပ်လေးနဲ့ ညက်သွားစေနိုင်ပါတယ်။

– Dry Shampoo အနေနဲ့လည်း သုံးပေးလို့ ရပါတယ်။ ဆံပင်တွေက အဆီတွေကြောင့် ပြားကပ်နေပြီး ခေါင်းပြန်မလျှော်ချင်သေးတဲ့အချိန်မှာ Baby Powder ကို Dry Shampoo အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။ ဆံပင်သားတွေ အပေါ်မှာ Powder ကို ဖြူးလိုက်ပြီး ဆံပင်တွေကြား Powder မုန့်တွေ နှံ့သွားအောင် ပြုလုပ်ပေးပါ။ ပြီးမှ ပေါင်ဒါတွေ ပြောင်စင်သွားအောင် Hair Dryer နဲ့ ပြန်မှုတ်ပေးလိုက်ရင် ဆံပင်သားတွေက အဆီတွေက ပေါင်ဒါမုန့်တွေနဲ့ အတူ ပါသွားမှာပါ။

နှုတ်ခမ်းနီအရောင်ကို ပုလဲရောင် ဖြစ်စေချင်တယ်ဆိုရင်တော့ နှုတ်ခမ်းသားတွေ အပေါ်မှာ အရင်ဆုံး နှုတ်ခမ်းနီ တစ်ထပ်ဆိုးလိုက်ပါ။ ပြီးရင် နှုတ်ခမ်းသားတွေ အပေါ်မှာ တစ်ရှူးပါးပါးလေး ခံပြီး ပေါင်ဒါမုန့်လေးတွေကို အနည်းငယ် လိမ်းပေးပါ။ နှုတ်ခမ်းနီကို နောက်တစ်ထပ် ထပ်ဆိုးပေးလိုက်ပါ။ နှုတ်ခမ်းနီတွေက ပြောင်ပြောင်တောက်တောက်ကြီး ဖြစ်မနေတော့ဘဲ ပုလဲလုံးလေးတွေကို အရောင်သိပ်သိပ်လေး ဖြစ်နေစေမှာပါ။

ပူအိုက်တဲ့ရာသီဥတုတွေမှာ ချွေးတွေထွက်တာများလို့ အကျီတွေမှာ ချွေးတွေ စိုပြီး အကွက်လိုက် ဖြစ်တာက ကြည့်ရဆိုးစေပါတယ်။ ဒီလို မဖြစ်ရလေအောင် ပေါင်ဒါလိမ်းပေးထားတာကတော့ ချွေးတွေကို စုပ်စေတဲ့အတွက် အလှပျက်မှာ မဟုတ်တော့ပါဘူး။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password