Vinegar ဆိုတာ အလှအပအတွက် အသုံးတည့်လှပုံ

အခုနောက်ပိုင်း အလှအပရေးရာမှာ Vinegar ဆိုတာကတော့ အလှအတွက် အရေးပါလှတာကို သတိပြုမိလာကြပါတယ်။ Apple Cider Vinegar ဆိုတာကို ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ ရနိုင်မလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

  • လက်သည်းနီ ကြာကြာခံအောင် ပြုလုပ်တဲ့နေရာမှာလည်း အသုံပြုနိုင်ပါတယ်။ လက်သည်းနီကို မိမိနှစ်သက်တဲ့အရောင်ဆိုးပြီးတဲ့ အပေါ်မှာမှVinegar ကို ထပ်လိမ်းပေးလိုက်နိုင်ပါတယ်။
  • မျက်ကွင်းညိုတာတွေ အတွက်လည်း မျက်လုံး တစ်ဝိုက်မှာ ဝါဂွမ်းလုံးလေးနဲ့ တို့ပြီး လိမ်းပေးနိုင်ပါတယ်။ သတိပြုရမှာတစ်ခုကတော့ မျက်လုံးထဲ မဝင်ပါစေနဲ့နော်။ မျက်လုံး အနည်းငယ် စပ်သလို ဖြစ်တတ်လို့ပါ။ ဒီလို ပြုလုပ်ပေးတာကတော့ မျက်ကွင်းညိုတာကို သက်သာစေနိုင်ပါတယ်။

  • တောက်ပတဲ့ ဆံသားတွေ အတွက်လည်း ဆံပင်တွေမှာ ခေါင်းမလျှော်ခင် လိမ်းပေးနိုင်ပါတယ်။
  • တကယ်လို့ ခြေဖဝါးလေးတွေမှာ အသားမာတွေ ကင်းပြီး နူးညံ့နေစေချင်တယ် ဆိုရင်လည်း ခြေဖဝါးတွေမှာ လိမ်းပေးပါ။
  • ပုလဲလုံးလေးတွေလို သွားဖြူဖြူလေးတွေ အတွက်ကတော့ သွားမတိုက်ခင် သွားပွတ်တံကို သုံးပြီး Vinegar နဲ့ သွားတွေကို သွားတိုက်သလို ပွတ်တိုက်ပေးပါ။ ပြီးမှ သွားတိုက်ဆေးနဲ့ တိုက်ပါ။ ဒီလို ပြုလုပ်ပေးတာကတော့ သွားတွေမှာ ရှိတဲ့သွားဂျိုးတွေကို ဖယ်ရှားပေးပြီး သွားတွေကို ဖြူဖွေးစေနိုင်ပါတယ်။
  • ချိုင်းသားတွေ မည်းနေလို့ စိတ်ညစ်မနေနဲ့နော်။ ရေမချိုးခင် အချိန် ၅ မိနစ်လောက်ယူပြီး ချိုင်းသားလေးတွေမှာ Vinegar ကို လိမ်းပေးပါ။ ချိုင်းသားလေးတွေမှာ ရှိတဲ့ အမည်းတွေက သိသိသာသာ လျော့နည်းသွားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

  • နှုတ်ခမ်းသားတွေ နူးညံ့ဖို့ အတွက်လည်း အသုံးတည့်ပါသေးတယ်။ နှင်းဆီဖူးလေးလို ပန်းနုရောင် နှုတ်ခမ်းလေး တစ်စုံ အတွက်ကတော့နှုတ်ခမ်းသားလေးတွေမှာ လိ်မ်ပေးပါ။
  • နောက်ဆုံး အချက်ကတော့ မိန်းကလေးတိုင်းရဲ့ ရန်သူ ဝက်ခြံတွေပဲ ဖြစ်ပါတယ်။ ဝက်ခြံတွေ ဖြစ်ပေါ်နေတဲ့နေရာမှာ လိမ်းပေးလိုက်တာက ဝက်ခြံတွေကို အမြန်ဆုံး ပျောက်ကင်းစေနိုင်ပါတယ်။ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သေချာသန့်စင်ပေးပြီးရင် Vinegar ကို ဝက်ခြံတွေ အပေါ်မှာ လိမ်းပေးထားတာကတော့ ဝက်ခြံ ကင်းစင်တဲ့ မျက်နှာ အလှကို ရရှိစေနိုင်ပါတယ်။

Apple Cider Vinegar လေး တစ်ဗူး ရှိမယ် ဆိုရင်တော့ အလှအပရေးရာအတွက် အများကြီး အသုံးဝင်တယ် ဆိုတာကို ဖော်ပြလိုက်ရပါတယ်။

 

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password