Conditioner ကို ဆံပင်ပျော့ဖို့တင်မဟုတ်ဘဲ တစ်ခြားနေရာတွေမှာပါ သုံးလို့ရတယ်ဆိုတာ ယုံလိုက်ပါ~

ပျိုပျိုတို့ ကိုကိုတို့ရဲ့ ဆံပင်တွေပျော့စေဖို့အမြဲကူညီပေးနေတဲ့ Conditioner လေးတွေက တစ်ခြားနေရာတွေမှာလည်း အသုံးဝင်တယ်ဆိုတာသိပြီးကြပြီလား? မသိရသေးရင် မင်မင်ရှာတွေ့ထားတဲ့ နည်းလမ်းလေးတွေကိုပြောပြမယ်နော်~😉

၁။ Makeup Brush တွေကိုဆေးတဲ့အခါ
Makeup brush တွေကိုဒီတိုင်းရေနဲ့ဆေးမယ်ဆိုရင် အမွှေးတွေဖွာပြီး မာမာကြီးတွေဖြစ်ကျန်ခဲ့နိုင်တာကြောင့် မဆေးခင် ဒါမှမဟုတ် ဆေးနေတုန်းမှာ brush တွေပေါ်ကို conditioner နည်းနည်းထည့်ပြီးဆေးမယ်ဆိုရင်တော့ makeup brush လေးတွေကဝယ်ခါစကလို နူးနူးညံ့ညံ့လေးတွေဖြစ်မှာအမှန်ပါ။

၂။ Makeup Remover လိုတဲ့အခါ
တစ်ခါတစ်လေ အိမ်မှာ makeup remover ကုန်နေတာကိုမေ့ပြီးမဝယ်မိတာမျိုး၊ ခရီးသွားရင်း makeup remover ကျန်ခဲ့တာမျိုးဆိုရင် conditioner နည်းနည်းကို cotton pad ပေါ်မှာထည့်ပြီး remover လိုမျိုးသုံးနိုင်ပါတယ်။ မျက်စိထဲမဝင်ဖို့တော့သတိထားရမယ်နော်။

၃။ ဆံပင်တွေအရမ်းကိုရှုပ်ထွေးနေတဲ့အခါ
ဆံပင်တွေ အရမ်းကိုရှုပ်ထွေးပြီး ဖြီးရခက်နေပြီဆိုရင်တော့ ရေဖြန်းတဲ့ spray ဘူးလေးတစ်ခုထဲကို conditioner နဲ့ ရေ (၁: ၉ ဆ) လောက်ထည့်၊ သေချာရောအောင် ဘူးကိုလှုပ်ပေးလိုက်ပါ။ ပြီးရင် ဒီ spray ဘူးလေးနဲ့ ဆံပင်ကိုဖြန်ပြီး ဖြည်းဖြည်းချင်းဖြီးမယ်ဆိုရင် ဆံသားတွေမနာမကျင် မပြတ်ထွက်ဘဲ ရှင်းလို့ရပါပြီ။

၄။ အနာပေါ်က Band Aid ကိုခွာတဲ့အခါ
Band Aid ခွာရတာ အမွှေးနုလေးတွေရှိတဲ့နေရမှာများ ကပ်ထားတာဆိုရင် အသည်းခိုက်အောင်နာတာပါနော်။ ဒီလိုမနာရအောင် plaster ကပ်ထားတဲ့ပတ်ပတ်လည်ကို conditioner လေးနည်းနည်းစီဆွတ်ပေးမယ်ဆိုရင် တော်တော်လေးကိုအနာသက်သာတာတွေ့ရမှာပါလို့ဆိုကြပါတယ်။

 

၅။ Shaving Cream လိုတဲ့အခါ
အိမ်မှာ ကိုယ့်ဟာကိုယ် Shaving လုပ်တဲ့အခါမျိုးမှာ conditioner ကို shaving cream အနေနဲ့သုံးပေးမယ်ဆိုရင် အလွယ်တကူ shave လုပ်နိုင်ဖို့ကူညီပေးပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ အိမ်က Conditioner လေးတွေရဲ့အသုံးဝင်ပုံကိုသိရပြီဆိုတော့ လိုတဲ့နေရာမှာလိုသလိုသုံးကြည့်လိုက်ကြရအောင်~😉

 

 

references : www.buzzfeed.com

image source : www.flickr.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password