မိတ်ကပ်လိမ်းပြီးတဲ့ အချိန်မှာ Face Mist ဖြန်းပေးဖို့ ဘာလို့ လိုအပ်တာလဲ

မိတ်ကပ်ပြင်ဆင်တဲ့အချိန်မှာ မျက်နှာမှာ Face Mist ဖြန်းတာကတော့ ခေတ်စားလာပါတယ်။ မိတ်ကပ် အပြည့်ပြင်ပြီးတဲ့အချိန်မှာ Mist ဖြန်းရခြင်းရဲ့ ကောင်းကျိုးတွေရယ်၊ ဘာကြောင့် ဖြန်းပေးသင့်တာလဲ ဆိုတာရယ်ကို ပြောပြပေးချင်ပါတယ်။

အသားအရေကို စိုပြေစေပါတယ်

မျက်နှာမှာ Mist ဖြန်းတယ် ဆိုတာကတော့ မျက်နှာ တစ်ခုလုံးကို မိတ်ကပ် အပြည့်လိမ်းပြီးတဲ့အချိန်မှာ မိတ်ကပ်ပြင်ခြင်းရဲ့ နောက်ဆုံး အဆင့်အနေနဲ့ ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့တဲ့သူတွေ အနေနဲ့ကတော့ ဒီလို Mist ကို မိတ်ကပ်ပြင်ပြီးတိုင်း အသုံးပြုပေးသင့်ပါတယ်။ Mist ဖြန်းပေးတာကတော့ မျက်နှာ အသားအရေလေးကို စိုစိုပြေပြေလေး ဖြစ်သွားစေနိုင်ပါတယ်။

မိတ်ကပ်သားကို ပိုမို ညက်ညောသွားစေပါတယ်

မိတ်ကပ်လိမ်းပြီးတဲ့အချိန် မျက်နှာမှာ Mist ဖြန်းပေးလိုက်တာကတော့ မိတ်ကပ်သားတွေကို သိပ်သိပ်လေး ဖြစ်သွားစေနိုင်သလို မိတ်ကပ်သားကို ပိုမို ညက်ညောသွားစေနိုင်ပါတယ်။ မိတ်ကပ်တွေကို ညက်ညောစေရုံတင်မကဘဲ မိတ်ကပ်ကိုလည်း သာမန်ထက် ပိုမို ကြာကြာ ခံစေနိုင်ပါတယ်။

လန်းဆန်းစေနိုင်တယ်

Mist ဖြန်းပေးခြင်းရဲ့ ကောင်းကျိုးတွေ အထဲမှာ မျက်နှာကို ကြည်ကြည်လေး ဖြစ်သွားစေနိုင်သလို လန်းဆန်းမှုကိုလည်း ခံစားစေနိုင်ပါတယ်။ Mist ကို မိတ်ကပ်ပြင်ပြီးတဲ့အချိန်မှာ သာမကဘဲ နေရတာ ငြီးငွေ့သလို ဖြစ်လာတဲ့အချိန်မှာလည်း ဖြန်းပေးနိုင်ပါတယ်။

မိတ်ကပ်သားကို သဘာဝ ပိုကျ လှပစေနိုင်ပါတယ်

မိတ်ကပ်လိမ်းတဲ့အချိန်မှာ မိတ်ကပ်သားတွေ သပ်သပ် မျက်နှာက သပ်သပ် ဆိုတာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ မိတ်ကပ်သားတွေ ထူပြီး နည်းနည်းကွက်တာမျိုးတို့ မိတ်ကပ်သားတွေ မညီမညာ ဖြစ်နေတာမျိုးတို့ ဆိုရင် Mist ဖြန်းလိုက်တဲ့အချိန်မှာ မိတ်ကပ်သားတွေက မျက်နှာ အသားအရေနဲ့ တစ်သားတည်း ကျသွားစေနိုင်ပြီး မျက်နှာမှာ မိတ်ကပ်တွေ ထူနေတယ်လို့ မခံစားရတော့ဘဲ သဘာဝကျကျ လှပသွားစေနိ်ုင်ပါတယ်။

မိတ်ကပ်သားတွေကို ကြွလာစေနိုင်ပါတယ်

မိတ်ကပ်လိမ်းပြီးတဲ့အချိန် Mist ဖြန်းလိုက်တာကတော့ မျက်နှာလေးကို ဖူးဖူးလေး ဖြစ်စေပြီး မိတ်ကပ်သားတွေကို ကြွလာစေနိုင်ပါသေးတယ်နော်။ မိတ်ကပ်သားလေးတွေက အရောင်လေးစိုလာပြီး မျက်နှာဖူးဖူးလေး အလှကို ပိုမို ဖြစ်ပေးလာစေနိုင်ပါတယ်။

ပျိုမေတို့ရေ မိတ်ကပ်လိမ်းပြီးတဲ့အချိန် Mist လေး ဖြန်းပေးလိုက်တာကနေ ရရှိနိုင်မယ့် အလှအကျိုးတွေကို သိပြီးပြီးဆိုရင်တော့ မိတ်ကပ်လိမ်းတဲ့အချိန်တွေမှာ Mist ဖြန်းပေးဖို့ မမေ့ပါနဲ့တော့နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password