ရေမွှေးလက်ကျန်လေးတွေရှိနေရင် ဒီလိုလေးတွေသုံးကြမယ်

ရေမွှေးကြိုက်တဲ့ပျိုလေးတွေအနေနဲ့ တစ်ခါတစ်လေမှာရေမွှေးအသစ်ကိုသုံးချင်ပေမယ့်ကိုယ်သုံးလက်စရေမွှေးကနည်းနည်းကျန်နေသေးရင် လွှင့်ပစ်ရလည်းအခက်၊ အသစ်ကိုလည်းသုံးချင်ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေမှာ ပျိုလေးတို့စိတ်မရှုပ်ရအောင် ကူညီပေးနိုင်မယ့်နည်းလမ်းလေးတွေကို CosmeticsMyanmarကနေရှာဖွေပြီးဖော်ပြချင်ပါတယ်နော်။

၁။ အိပ်ရာခင်းတွေပေါ်မှာ Linen Spray လိုအသုံးပြုပါ

ကိုယ့်မှာကျန်တဲ့ရေမွှေးလေးတွေကို အနံ့အရမ်းမစူးအောင် ရေလေးနည်းနည်းရောပြီး ကိုယ့်အိပ်ရာခင်းမှာ Linen Sprayလိုဖြန်ပေးမယ်ဆိုရင်ပျိုတို့အနေနဲ့ ကိုယ်အနှစ်သက်ဆုံးရေမွှေးနံ့လေးကို ညအိပ်ချိန်မှာပါရနေမှာပါ။

၂။ Lotionနဲ့ရောပြီးအသုံးပြုပါ

ကိုယ်သုံးနေကြ Lotionထဲကို(ဒီ lotionက အနံ့မပါတဲ့ unscented typeတော့ဖြစ်ရပါမယ်) ရေမွှေးလေးနည်းနည်းထည့်ပြီးရောလိုက်မယ်ဆိုရင် ကိုယ့်စိတ်ကြိုက် lotionမွှေးမွှေးလေးတစ်ခု ရပါပြီ။

၃။ အကျီင်္ဘီရိုတွေထဲထည့်ပါ

ရေမွှေးလက်ကျန်ပုလင်းလေးတွေကိုဖြစ်ဖြစ်၊ အဲဒီရေမွှေးလေးတွေကို အဝတ်လေးနဲ့စွတ်ပြီးဖြစ်ဖြစ် ဘီရိုတွေ၊အံဆွဲတွေထဲထည့်ထားရင် ကိုယ့်ရဲ့အဝတ်အစားတွေက အမြဲမွှေးပျံ့နေမှာအမှန်ပါ။

၄။ ရေမွှေးပုလင်းခွံလေးတွေနဲ့ အလှဆင်ပါ

တစ်ချို့ရေမွှေးပုလင်းလေးတွေက ပုလင်းခွံလေးတွေအရမ်းလှတာကြောင့် ကုန်သွားတဲ့အခါ အဲဒီပုလင်းအလွတ်ထဲကို glittersလေးတွေ၊ပုလဲလုံးသေးသေးလေးတွေ ထည့်ပြီး decorationတစ်ခုအနေနဲ့ သုံးနိုင်ပါတယ်။

၅။ Car Airfreshnerအနေနဲ့ အသုံးပြုပါ

ကိုယ့်ရဲ့ကားထဲမှာရှိတဲ့ airfreshnerလေးတွေက အနံ့အမွှေးတော့လို့ စိတ်မညစ်ပါနဲ့၊ ကိုယ်ရဲ့ရေမွှေးလက်ကျန်လေးတွေကို အဲဒီ airfreshnerပုလင်းထဲပြန်ဖြည့်ပြီး အသုံးပြုနိုင်ပါတယ်။

အခုဖော်ပြလိုက်တဲ့ နည်းလမ်းလေးတွေကလွယ်ကူရိုးရှင်းတာမို့လို့ ပျိုတို့တွေလည်းကိုယ့်အိမ်ကရေမွှေးလက်ကျန်လေးတွေနဲ့ စမ်းသက်လုပ်ကြည့်ဖို့ ဖော်ပြလိုက်ရပါတယ်နော်။

 

 

References : www.gurl.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password