နေလောင်ကွက်တွေကို အမြန်ဆုံး ပျောက်ကင်းအောင် ဒီလိုလေး ပြုလုပ်ပေးပါ

နွေရာသီ ရောက်လာပြီနော်။ နွေရာသီမှာ နေရောင်ခြည်က ပြင်းတဲ့အချိန် ခရီးသွားတဲ့အခါမျိုးမှာ ဖြစ်ဖြစ် အပြင်သွားတဲ့အချိန် Suncream လိမ်းဖို့ မေ့သွားလို့ပဲ ဖြစ်ဖြစ် နေလောင်ပြီး အသားအရေတွေ ညစ်ညစ်ကြီး ဖြစ်တတ်ပါတယ်။ နေရောင်ခြည်ဒဏ် အများကြီး ခံလိုက်ရတာမျိုးဆိုရင်တော့ နေလောင်ကွက်တွေ အဖြစ် အနီ အကွက်တွေ ဖြစ်ပေါ် လာပြီ စပ်ဖျင်းဖျင်း ခံစားရတတ်ပါတယ်။ ဒီလို အချိန်မှာ ဘာဆေးတွေ လိမ်းလိုက်မလဲ ဆိုပြီး ရွေးရ မခက်စေဖို့ အတွက် အလွယ်တကူ ရရှိနိုင်မယ့် အရာလေးတွေကို ပြောပြပေးလိုက်ရပါတယ်။

  • နွားနို့ကို အအေးခံပြီး လိမ်းပေးပါ။ အရင်ခေတ်တွေကတည်းက အသားအရေလှချင်ရင် ဖြူဖွေး ချောမွေ့ချင်ရင် နွားနို့နဲ့ ရေချိုးတဲ့အလေ့က ရှိပြီးသားပဲ ဖြစ်ပါတယ်။ အသားအရေ အတွက် နွားနို့ဆိုတာကတော့ နတ်ဆေးလို့ ဆိုနိုင်တဲ့အထိ အသုံးတည့်လှပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေတွေ ညစ်နွမ်းနေတာကို အမြန်ဆုံးပြန်လည် ဝင်းပ လာစေနိုင်ပါတယ်။ ရေ မချိုးခင် နွားနို့ကို အသားအရေ အပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ နာရီဝက်လောက် ထားလိုက်ရင် နွားနို့တွေ ခြောက်သွားပါလိမ့်မယ်။ ဒီလို အချိန်ကျရင် ရေပြန်ချိုးပေးပါ။

  • Tea Bag ကို ကပ်ပေးပါ။ စိမ်သောက်ပြီးသား Tea Bag ကို နေလောင်ကွက်တွေ အပေါ်မှာ ကပ်ပေးထားနိုင်ပါတယ်။ ဒါမှ မဟုတ် ခပ်ကြာကြာ နှပ်ထားတဲ့ Tea အရည်တွေကို အသားအရေ အပေါ်မှာ လိမ်းပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင် Tea အရည်ကို ရေခဲသေတ္တာထဲ ခဏလောက် ထားပြီးမှ အသုံးပြုပေးပါ။ အရည်အေးအေးလေး ဖြစ်နေတာကတော့ ပိုထိရောက်မှုကို ဖြစ်စေနိုင်လို့ပါ။ နာရီဝက်လောက်နေရင် ရေပြန်ဆေးပေးလိုက်ပါ။
  • နောက်ဆုံးတစ်နည်းကတော့ ခရမ်းချဉ်သီးပဲ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးကို Blender နဲ့ ကြေညက်အောင် ပြုလုပ်ပြီး အသားအရေအပေါ်မှာ လိမ်းပေးနိုင်သလို ပါးပါးလေး လှီးပြီးလည်း ကပ်ပေးထားနိုင်ပါတယ်။ ခရမ်းချဉ်သီး အရည်တွေ ခြောက်သွားရင် ရေနဲ့ ပြန်လည် ဆေးကြောပေးလိုက်ပါ။ အသားအရေလေးက ကြည်လင်ပြီး လန်းဆန်းသွားတာကို ခံစားရနိုင်မှာပါ။

နေရောင်ခြည်ကြောင့် အသားအရေတွေ ညိုညစ်ညစ် ဖြစ်နေတာတွေ အတွက်ကတော့ အခု ပြောပြပေးတဲ့အရာလေးတွေကို ပြုလုပ်ပေးလိုက်ပါ။ ကြည်လင်ပြီး စိုပြေနေတဲ့ အသားအရေလေး ပိုင်ဆိုင်လိုက်နိုင်ပါစေလို့ ဝေမျှပေးလိုက်ရပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password