Valentine day မှာ ချောကလက်တွေအစား Cosmetic တွေ လက်ဆောင်ပေးမယ်ဆိုရင်တော့…

ဖေဖော်ဝါရီလ ၁၄ ရက်မှာ ကျရောက်မယ့် ချစ်သူများနေ့အတွက် ကိုယ့်ချစ်ရတဲ့သူကို ချောကလက်နဲ့ နှင်းဆီပန်းအစား cosmetic ကို ပြောင်းလဲပြီး လက်ဆောင်ပေးသင့်ပါတယ်နော်။ Cosmetic တွေက မိန်းကလေးတွေရဲ့ ဒုတိယ အသည်းနှလုံးလို့ တင်စားလို့လည်း ရပါတယ်။ ချစ်သူလေး ကြွေသွားဖို့အတွက် ချောကလက်တွေအစား make up တွေနဲ့ skin care တွေကို လက်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်။

Valentine day ရောက်ခါနီးပြီဆိုရင် ချောကလက်တွေ အမျိုးမျိုး ထွက်ရှိသလို ယခုအချိန်မှာတော့ ချစ်သူများနေ့အတွက် သီးသန့်အထူးထုတ်ထားတဲ့ limit edition make up တွေနဲ့ skin care တွေ ရှိနေပါပြီနော်။ ဒါကြောင့် ဘယ်လိုဝယ်ရမယ်ဆိုတာ မခက်ခဲတော့ပါဘူး။ ချစ်သူလေးအတွက် cosmetic ဝယ်တော့မယ်ဆိုရင်တော့ အသားအရေအမျိုးအစားကို သိထားဖို့လည်း လိုပါတယ်။ ဒါကလည်း လွယ်ပါတယ်။ ချစ်သူလေးကို အမှတ်မထင် မေးလိုက်ရုံပါပဲ။ တကယ်လို့ မမေးဖြစ်ဘူးဆိုရင်လည်း စိတ်ပူစရာမလိုပါဘူး။ For all skin type ပါတဲ့ cosmetic တွေကိုသာ  ရွေးချယ်ဝယ်ယူလိုက်ပါ။

နောက်ထပ် လွယ်လွယ်ကူကူ ဝယ်ယူလို့ ရနိုင်တာကတော့ နှုတ်ခမ်းနီ၊ လက်သည်းနီ၊ make up remover၊ eye shadow plates နဲ့ blush set တွေပါပဲနော်။  ဒီပစ္စည်းတွေက ချစ်သူလေးရဲ့ အသားအရေနဲ့ မတည့်တာ နည်းပါတယ်။ နှုတ်ခမ်းနီနဲ့ လက်သည်းနီကိုတော့ အသားအရေအရောင်နဲ့ လိုက်ဖက်တာမျိုး ရွေးချယ်ဖို့ သတိထားပေးပါ။

ချစ်သူလေး ကြိုက်တဲ့ အရောင်ကို သိတယ်ဆိုရင်လည်း လွယ်လွယ်ကူကူ ရွေးချယ်နိုင်ပါတယ်နော်။ နောက်ထပ် ချစ်သူလေး သဘောကျတာကတော့ ရေမွှေးပါပဲ။ ဈေးနှုန်းပေါ်မူတည်ပြီး အမျိုးအစား ကွာခြားသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ budget ပေါ်မူတည်ပြီး ကြိုက်တာကို ရွေးချယ်ပေးလိုက်ပါနော်။

ခေါင်းစီးကွင်း၊ ကလစ်၊ ခေါင်းဘီး တို့ကိုလည်း လက်ဆောင်ပေးလို့ရပါတယ်။ ခေါင်းဘီးဆိုလို့ ဘာလဲလို့ ထင်မသွားပါနဲ့။ သာမန်သုံးနေကျ ခေါင်းဘီမျိုးမဟုတ်ဘဲ TANGLE TEEZER ကထုတ်တဲ့ ခေါင်းဘီးလေးတွေကို လက်ဆောင်ပေးလို့ရပါတယ်။ ချစ်သူလေး ရင်ခုန်သွားမှာတော့ အမှန်ပါပဲ။ ခေါင်းစီးကွင်းလေးတွေ၊ ကလစ်လေးတွေကိုလည်း ဘူးလှလှလေးထဲမှာ အများကြီးထည့်ပြီး လက်ဆောင်ပေးလို့ရပါတယ်နော်။

နှစ်တိုင်း ချောကလက်နဲ့ ပန်းစီးတွေ လက်ဆောင်ပေးရတာ ရိုးနေပြီဆိုရင်တော့ ဆန်းဆန်းလေးဖြစ်သွားအောင် cosmetic တွေကို လက်ဆောင်ပေးကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password