Vegan friendly နဲ့ Cruelty Free Cosmetic လေးတွေအကြောင်း

ဟိုတစ်လောတုန်းက The Body Shop ကနေ campaign လုပ်သွားတဲ့ မိတ်ကပ်တွေထုတ်လုပ်တဲ့နေရာမှာ တိရစ္ဆာန်လေးတွေနဲ့ စမ်းသပ်တာကို ကန့်ကွက်တဲ့အကြောင်းကို သတိထားမိတဲ့သူများမယ်ထင်ပါတယ်နော်။ အခုလို ပွင့်လင်းမြင်သာမှုရှိလာတဲ့ခေတ်ကြီးမှာ တိရစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်ပြီး စမ်းသပ်မှုတွေလုပ်တဲ့ makeup brand တွေကို လူတွေကလည်းတတ်နိုင်သမျှရှောင်လာကြပြီမို့ CosmeticMyammar ကနေပြီးတော့လည်း Vegan friendly နဲ့ Cruelty Free ဖြစ်တဲ့ make up brand တွေက ဘာတွေလည်းဆိုတာဖော်ပြပေးလိုက်ရပါတယ်။

Cruelty Free ဖြစ်တဲ့မိတ်ကပ်တွေက တိရစ္ဆာန်လေးတွေအပေါ်မှာစမ်းသပ်ချင်းမရှိပဲ တိရစ္ဆာန်စောင့်ရှောက်တဲ့အဖွဲ့အစည်းဖြစ်တဲ့ PETA တို့လိုကနေ အသိအမှတ်ပြုထားချင်းခံရတဲ့ မိတ်ကပ်တွေဖြစ်ပါတယ်။ နာမည်ကြီးမိတ်ကပ် brand တွေဖြစ်တဲ့ ELF, Jeffree Star နဲ့ Kat Von D တို့က Cruelty Free ရော Vegan Friendly ပါဖြစ်တဲ့ မိတ်ကပ် brand တွေဖြစ်လို့ တိရစ္ဆာန်ချစ်သူ make up junkies လေးတွေအတွက်တော့သတင်းကောင်းပါ။

Vegan friendly ဖြစ်တဲ့ မိတ်ကပ်ဆိုတာကတော့ အဲဒီမိတ်ကပ်ရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ တိရစ္ဆာန်တွေကနေရတဲ့ ပျားဖယောင်း၊နွားနို့ စတဲ့ပစ္စည်းတွေလုံးဝမပါဘူးလို့ဆိုလိုတာပါ။ Vegan သမားတော်တော်များများက အစားအသောက်လည်းရှောင်ရသလို မိတ်ကပ်ကိုပါ vegan friendly ဖြစ်တဲ့ brand တွေကိုပဲ သုံးစွဲတတ်ကြပါတယ်။ တစ်ချို့မိတ်ကပ်တွေက Cruelty free ဖြစ်ပေမယ့် Vegan friendly မဖြစ်တာကြောင့် သတိပြူဖို့တော့လိုပါတယ်။ ဥပမာ lip balm တွေမှာနာမည်ကြီးတဲ့ Burst’s Bees တံဆိပ်က animal cruelty ကို လုံးဝကန့်ကွက်တဲ့ brand ဖြစ်ပေမယ့် သူ့ရဲ့ပစ္စည်းတွေမှာ နွားနို့၊ ပျားရည်တို့ပါဝင်နေလို့ vegan friendly တော့မဟုတ်ပါဘူး။

တိရစ္ဆာန်ချစ်သူတွေအနေနဲ့ ကိုယ်သုံးမယ့်မိတ်ကပ်က vegan friendly ဖြစ်လား animal cruelty free ဖြစ်လားသိချင်ရင်အောက်မှာပေးထားတဲ့ link ထဲကိုဝင်ကြည့်နိုင်သလို ဒီ တံဆိပ်လေးတွေ ပါ၊မပါကိုလည်းရှာကြည့်နိုင်ပါတယ်။ ဒီတံဆိပ်လေးတွေကဘာကိုဆိုလိုလည်းဆိုတော့ ပထမတံဆိပ်လေးက Vegan Action ကနေပေးတဲ့ Certified Vegan တံဆိပ်ဖြစ်ပြီး ယုန်ပုံလေးကတော့ PETA ကပေးတဲ့ Cruelty-free and Vegan Friendly တံဆိပ်ပါ။ နေကြာပန်းပုံလေးကတော့ Vegan Society ကပေးတဲ့ အမှတ်တံဆိပ်လေးပဲဖြစ်ပါတယ်။

 

 

Ultimate Guide To Cruelty-Free + Vegan Makeup Brands | 2017

တိရစ္ဆာန်လေးတွေကို ကာကွယ်ရင်း ပိုလှပတဲ့နေ့ရက်တွေကိုရောက်ဖို့ အားလုံးတူတူကြိုးပမ်းလိုက်ရအောင်လားနော်? 💕

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password