နှုတ်ခမ်းသားလေးတွေအတွက် Lip Liner ရဲ့ အရေးကြီးပုံက ဘာဖြစ်မလဲ

ပျိုမေလေးတို့ အတွက် နှုတ်ခမ်းနီဆိုတာကတော့ သွားလေရာရာ အိတ်ကလေးထဲမှာ မပါမဖြစ်တဲ့အရာလေးတွေထဲက တစ်ခုပါ။ ကျန်တဲ့အလှကုန်တွေ မပါရင် မပါဘဲနေမယ် နှုတ်ခမ်းနီလေး တစ်ချောင်းတော့ ပါနေကျပါပဲ။ အခု ပြောပြပေးချင်တာကတော့ နှင်းဆီဖူးလေးလို ဖူးပွင့်နေမယ့် နှုတ်ခမ်းလေး တစ်စုံအတွက် နှုတ်ခမ်းနီ မဆိုးခင်မှာ Lip Liner ကို ဆိုးပေးသင့်ကြောင်း၊ Lip Linerရဲ့ အရေးကြီးပုံ အကြောင်းပဲ ဖြစ်ပါတယ်။

Lip Liner က လိုချင်တဲ့နှုတ်ခမ်းအနေအထားပို ပြင်ဆင်ပေးတယ်။

နှုတ်ခမ်းနီကို ဒီအတိုင်းပဲ ဆိုးပေးတာကတော့ ပျိုမေတို့ရဲ့ မူလ ပင်ကိုယ် နှုတ်ခမ်းသားလေး အတိုင်းပဲ ဖြစ်နေမှာပါ။ နှုတ်ခမ်းနီ မဆိုးခင် Lip Liner ကို သုံးပြီး နှုတ်ခမ်းသားလေးတွေကို လိုသလို ပုံစံလေး ပြင်ဆင်လိုက်လို့ ရပါတယ်။ နှုတ်ခမ်းသားသေးတဲ့သူတွေအတွက် နှုတ်ခမ်းသားလေးကို ပိုကြီသယောင် နှုတ်ခမ်းသားကြီးတဲ့သူတွေအတွက်ကျရင်လည်း နှုတ်ခမ်းသားလေး သေးသယောင် ပုံစံဖော်လိုက်နိုင်ပါတယ်။ Lip Liner နဲ့ လိုချင်တဲ့ နှုတ်ခမ်းသားလေးပုံသွင်းပြီးမှ နှုတ်ခမ်းနီ ဆိုးပေးတာကတော့ နှုတ်ခမ်းသားလေး အလှကို ကိုယ်လိုချင်တဲ့ ပုံစံလေးကို ရှရှိစေနိုင်ပါတယ်။

နှုတ်ခမ်းနီကို ပိုမို ညီညာပြီး အနားသတ်တွေကို လှပစေတယ်။

နှုတ်ခမ်းနီကို ဒီအတိုင်းပဲ ဆိုးပေးတာကတော့ နှုတ်ခမ်းရဲ့ အနားသတ်တွေကို မညီညာပဲ ဖြစ်စေနိုင်ပါတယ်။ Lip Linerကို အရင်ဆုံး ပုံသွင်းပြီးမှ ဆိုးတာကတော့ နှုတ်ခမ်း အနားသတ်တွေ မညီမညာ ဖြစ်တာတွေကို ကာကွယ်ပေးပြီး သေသပ်လှပတဲ့ နှုတ်ခမ်းလေး တစ်စုံကို ဖြစ်ပေါ်စေနိုင်ပါတယ်။

နှုတ်ခမ်းသားလေးကို ဖူးဖူးလေး ဖြစ်စေနိုင်ပါတယ်။

အရင်ခေတ်တွေတုန်းက Lip Liner ကို အမြည်းရောင် တစ်မျိုးတည်း ဆိုးကြပါတယ်။ အခုချိန်မှာတော့ Lip Liner ကို အတွင်းမှာ ဆိုးမယ့် နှုတ်ခမ်းနီ အရောင်အတိုင်း လိုက်ပြီး ဆိုးလာကြပါတယ်။ နှုတ်ခမ်းနီကို အနီရောင်ဆိုးမယ်ဆိုရင် Lip Liner ကိုလည်း အနီရောင် ဆိုးပေးတာမျိုးပါ။ Lip Liner ကို အရင်ဆုံး ဆိုးပေးပြီးမှ နှုတ်ခမ်းနီ ဆိုးတာကတော့ နှုတ်ခမ်းသားလေးတွေကို ဖူးဖူးလေးဖြစ်စေပြီး ကြည့်လို့ အကောင်းဆုံး ဖြစ်စေမှာပါ။

လှပတဲ့ နှုတ်ခမ်းလေး တစ်စုံကို ပိုင်ဆိုင်နိုင်ဖို့ အတွက်ကတော့ နှုတ်ခမ်းနီ မဆိုးခင်မှာ Lip Liner ဆိုးပေးဖို့ အရေးကြီးတဲ့အကြောင်းကို ဝေမျှလိုက်ရပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password