တစ်နေ့ တစ်ကြိမ် ပြုလုပ်ပေးရုံနဲ့ အရွယ်တင်နုပျိုစေနိုင်မယ့်နည်း

အရွယ်တင် နုပျိုခြင်းတွေဆိုတာကတော့ လူတိုင်း မက်မောတဲ့အရာပဲ ဖြစ်ပါတယ်။ ရှိရင်းစွဲ အသက်ထက် ပိုပြီး နုပျိုနေချင်တယ် ဆိုရင်တော့ အစားအသောက်ကို ဆင်ခြင်ပေးရုံတင်မကဘဲ အနေအထိုင်ကိုလည်း ထိန်းသိမ်းပေးမှ ဖြစ်မှာပါ။ အသားအရေလေးက စိုပြေပြီး အရေးအကြောင်း ကင်းစင်ပြီး နုပျိုနေတဲ့အလှပိုင်ရှင်လေး ဖြစ်ဖို့အတွက်ကတော့ အခု ပြောပြပေးမယ့်နည်းလေးကို တစ်နေ့ တစ်ကြိမ် မှန်မှန် ပြုလုပ်ပေးရုံနဲ့ အရွယ်တင် နုပျိုသွားဖို့ အလွယ်လေးပါနော်။ ဘယ်လိုနည်းလေးများ ဖြစ်မလဲဆိုတာကို ဖတ်ကြည့်ပေးပါဦး။

ဒီနည်းလေးကတော့ ရိုးရှင်းလှပေမယ့် အထိရောက်ဆုံးနည်းလေးပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့အရာလေးတွေကတော့
• မုန်လာဥနီအရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ပြောင်းဖူးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း

• ပါဝင်တဲ့အရာလေးတွေဖြစ်တဲ့ မုန်လာဥနီအရည်၊ ပြောင်းဖူးမှုန့်နဲ့ သံပုရည်တို့ကို အကုန်လုံး နှံ့သွားအောင် ရောမွှေလိုက်ပါ။
• မျက်နှာကို အရင်ဆုံး မျက်နှာသစ်ဆေးနဲ့ သန့်စင်ပေးပါ။
• ပြီးမှ ခုနက ပြုလုပ်ထားတဲ့ ပြောင်းဖူးမုန့် အနှစ်လေးတွေကို မျက်နှာတစ်ပြင်လုံးကို နှံ့သွားအောင် လိမ်းပေးပါ။ လိမ်းပေးတဲ့အချိန်မှာလည်း အသားအရေထဲ စိမ့်ဝင်သွားအောင် လက်ချောင်းထိပ်လေးတွေနဲ့ အသာအယာ ပွတ်ပြီး လိမ်းပေးပါနော်။
• မျက်နှာ တစ်ပြင်လုံးနှံ့အောင် လိမ်းပေးလို့ ပြီးသွားရင် အချိန် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် ထားပေးပါ။
• ပြောင်းဖူးမုန့်တွေ ခြောက်ပြီး မာလာရင် မျက်နှာကို မျက်နှာသစ်ဆေးနဲ့ ပြန်လည် သန့်စင်ပေးပါ။
• နောက်ဆုံး အနေနဲ့ မျက်နှာမှာ Night Cream တစ်ခုခု လိမ်းပြီး အိပ်လိုက်ပါ။ မဟုတ်ရင်လည်း ရှားစောင်းလက်ပပ် အနှစ်ကို လိမ်းပြီး အိပ်ပေးပါ။
• ဒီနည်းလေးကိုတော့ နေ့တိုင်း တစ်နေ့ တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ပြောင်းဖူးမှုန့် ပါဝင်တဲ့အတွက် မျက်နှာ အဆီပြန်ခြင်းကို သက်သာစေနိုင်သလို မုန်လာဥနီကတော့ အသားအရေလေးကို ကြည်လင်ပြီး အရေးအကြောင်း ကင်းစင်စေနိုင်ပါတယ်။ ဒီနည်းလေးကို နေ့စဉ် မှန်မှန် ပြုလုပ်ပေးပြီး အရွယ်တင် နုပျိုနေတဲ့အလှပိုင်ရှင်များ ဖြစ်စေဖို့ ပြောပြလိုက်ရပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password