မျက်နှာကို စနစ်ကျကျ နည်းမှန် လမ်းမှန် သန့်စင်မယ် ဆိုရင်

မျက်နှာသစ်တယ် ဆိုတာကလည်း မျက်နှာ အသားအရေ အတွက် လိုအပ်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကြည်လင် လှပတဲ့အသားအရေလေး ပိုင်ဆိုင်နိုင်ဖို့ အတွက်ကတော့ မျက်နှာကို တစ်နေ့ နှစ်ကြိမ် ပုံမှန် သန့်စင်ပေးရမှာပဲ ဖြစ်ပါတယ်။ နှစ်ကြိမ်ထက် ပိုတဲ့ မျက်နှာ သန့်စင်ပေးတာကတော့ မျက်နှာမှာ ရှိတဲ့အပေါ်ယံ အစိုဓါတ်တွေကို ခမ်းခြောက်စေနိုင်သလို နှစ်ကြိမ်ထက် နည်းပြီး သန့်စင်တာကလည်း အညစ်အကြေးတွေကို ကုန်စင်အောင် ပြုလုပ်ပေးနိုင်မှာ မဟုတ်တဲ့အတွက်ပါ။ မျက်နှာသစ်တဲ့အချိန်မှာလည်း ဘယ်လို အဆင့်လေးတွေကို လိုက်နာပြီး နည်းမှန် လမ်းမှန် သန့်စင်ပေးသင့်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နည်းလမ်းလေးတွေကို မသိဘဲ မျက်နှာမှာ ရှိတဲ့ အညစ်အကြေးတွေ ပြောင်ရင် ပြီးရော ပြုလုပ်ပေးတာကတော့ မျက်နှာ အလှကို လျှော့နည်းစေနိုင်တဲ့အတွက်ပဲ ဖြစ်တာကြောင့် လွယ်ကူလှတဲ့နည်းလမ်းလေးတွေကို ဖတ်ကြည့်ပေးပါနော်။

  • မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ပေးဖို့လို့ ဆိုတဲ့နေရာမှာ မနက် အိပ်ယာထတဲ့အချိန်နဲ့ ညအိပ်ယာဝင်တဲ့အချိန်တွေပဲ ဖြစ်ပါတယ်။ မနက် အိပ်ယာထတဲ့အချိန်အတွက်ကတော့ အရေးသိပ် မကြီးပါဘူး။ ညအိပ်ယာဝင်ခါနီး မျက်နှာသစ်တဲ့အချိန်ကသာ ပို အရေးကြီးတာပါ။
  • မျက်နှာ သစ်တော့မယ်ဆိုရင် မသစ်ခင် မျက်နှာမှာ ရှိတဲ့မိတ်ကပ် အကြွင်းအကျန်တွေကို Make Up Remover သုံးပြီး ဖျက်ပေးပါနော်။ မျက်နှာမှာ ရှိတဲ့မိတ်ကပ်တွေကို အရင်မဖျက်ဘဲ မျက်နှာသစ်လိုက်တာက မျက်နှာမှာ ရှိတဲ့ ချွေးပေါက်လေးတွေကြား မိတ်ကပ်တွေ ကျန်နေတတ်လို့ပါ။
  • မျက်နှာသစ်တဲ့အချိန်မှာလည်း မျက်နှာ အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေး အမျိုးအစားကို မှန်မှန်ကန်ကန် ရွေးချယ် အသုံးပြုတတ်ဖို့လည်း အရေးကြီးပါတယ်နော်။
  • မျက်နှာသစ်တဲ့ရေကိုလည်း ရေပူပူကြီး နဲ့ သစ်တာမျိုးကို ရှောင်ရှားပါ။ ရေနွေးနွေးလေးနဲ့ သန့်စင်ပေးတာကတော့ မျက်နှာမှာ ရှိတဲ့ အညစ်အကြေးတွေကို ပြောင်စင်အောင် အကူ အညီပေးနိုင်တဲ့အတွက်ပါ။
  • မျက်နှာသစ်ပြီးတဲ့အချိန် မျက်နှာမှာ ရှိတဲ့ရေတွေကို တဘက်နဲ့ ပွတ်တိုက်ပြီး သုတ်လိုက်တာမျိုးကို မပြုလုပ်ပါနဲ့။ တဘက်ကို မျက်နှာမှာ ကပ်လိုက် ပြန်ခွာလိုက် ပုံစံမျိုးနဲ့ ပြုလုပ်ပေးပါ။ မျက်နှာအသားအရေက သိပ်ကို နူးညံ့တာမို့လို့ တဘက်နဲ့ ပွတ်တိုက် လိုက်တာကတော့ အသားအရေ အပေါ်ယံလွှာကို မသိမသာ ပျက်စီးစေနိုင်လို့ပါ။

  • အရေးကြီးဆုံး အချက် အနေနဲ့ကတော့ မျက်နှာသစ်ပြီးတဲ့အချိန်မှာ တိုနာ ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့နော်။ တိုနာ လိမ်းပေးတာကတော့မျက်နှာမှာ ရှိတဲ့ ဆဲလ်လေးတွေ ပြုပြင်ပြောင်းလဲတာကို ကူညီပေးနိုင်သလို အသားအရေရဲ့ အစိုဓါတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။

အခု ပြောပြပေးထားတဲ့အချက်လေးတွေ အတိုင်း မျက်နှာကို သန့်စင်ပေးမယ် ဆိုရင်တော့ ဝက်ခြံကင်းစင်ပြီး ကြည်လင် ချောမွေ့နဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အလွယ်လေးပဲ ဖြစ်မှာပါနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password