ဆံပင်တွေကို သဘာဝအတိုင်း ပြန်လည်သန်စွမ်းစေသောနည်းလမ်းများ

ဆံပင်ဆိုတာ မိန်းကလေးတွေ အတွက်တင်မကဘဲ ယောကျာ်းလေးတွေ အတွက်ပါ လိုအပ်တဲ့အလှတရားတစ်ခုပါ။ မိန်းကလေးတွေ အတွက်ကတော့ မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုရမယ့်အထိ အရေးပါတဲ့ ဒုတိယမျက်နှာပဲ ဖြစ်ပါတယ်။ ပထမမျက်နှာဖြစ်တဲ့ မျက်နှာကိုပဲ မိတ်ကပ်တွေလိမ်း ပြင်ဆင်နေရုံနဲ့ မလုံလောက်ပါဘူး။ ဒုတိယမျက်နှာဖြစ်တဲ့ဆံသားတွေကို ထိန်းသိမ်းဖို့လည်း အရေးကြီးတဲ့အတွက် ဆံပင်ကျွတ်တာများလို့ ဆံပင်တွေကို သဘာဝအတိုင်း ပြန်လည် သန်စွမ်းစေချင်တယ် ဆိုရင် ပြုလုပ်ပေးရမယ့်နည်းလမ်းတွေကို ပြောပြပေးလိုက်ရပါတယ်။

အဆီတစ်မျိုးမျိုးလိမ်းပြီး ဦးရေပြားတွေကို နှိပ်နယ်ပေးပါ။

ဆံပင်ကို အားဖြည့်ပေးတဲ့အဆီတွေ အများကြီး ရှိပါတယ်။ သံလွင်ဆီ၊ ထောပတ်ဆီ၊ အုန်းဆီ အစရှိတဲ့အဆီ တစ်မျိုးမျိုးကို ဆံသားတွေတင်မကဘဲ ဦးရေပြားအထိ စိုသွားအောင် လိမ်းပေးပါ။ လိမ်းပေးပြီးတဲ့အချိန်မှာလည်း သွေးလည်ပတ်မှု ကောင်းအောင်လို့ လက်ချောင်းလေးတွေနဲ့ အသာအယာနှိပ်နယ်ပေးပါ။ ဒီလို နှိပ်နယ်ပေးတာကတော့ ဦးရေပြား ခြောက်သွေ့ခြင်းကို သက်သာစေနိုင်တဲ့အတွက် ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်းတွေကို ပျောက်ကင်းစေနိုင်ပြီး ဆံသားတွေကို ပိုမို သန်စွမ်းစေလာနိုင်ပါတယ်။

ကြက်သွန်နီ အရည်ကို အသုံးပြုပေးပါ။

ဆံပင်ကျွတ်ခြင်းနဲ့ ဆံသားတွေ ခြောက်ကပ် ပျက်စီးနေတာတွေ အတွက်ဆိုရင်တော့ ကြက်သွန်နီအရည်ကို အသုံးပြုပေးလိုက်ရုံပါပဲ။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို အခွံ့နွှာပြီး ကြိတ်စက်နဲ့ ကြေညက်အောင် ပြုလုပ်လိုက်တာမျိုး ဖြစ်ဖြစ်၊ ငရုတ်ဆုံထဲ ထည့်ပြီး ညက်အောင်ထောင်းလိုက်တာမျိုးပဲ ဖြစ်ဖြစ် ပြုလုပ်ပေးပါ။ ရလာတဲ့ကြက်သွန်နီ အရည်တွေကို ဆံသားတွေနဲ့ ဦးရေပြားကိုပါ ထိအောင် လိမ်းပေးပါ။ အချိန် နာရီဝက်လောက် ထားပြီးရင် ခေါင်းပြန်လျှော်ပေးပါ။ ဒီနည်းလေးကို တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးရုံနဲ့ ဆံသားတွေ ပျက်စီးမှုကို ပျောက်ကင်းစေနိုင်ပြီး နက်မှောင်သန်စွမ်းလာစေနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ပရိုတိန်း၊ ဗီတာမင် စီ၊ ဗီတာမင် အီးနဲ့ ဇင့်ဓါတ်တွေကို စားသုံးပေးပါ။

ဆံသားတွေ ဆိုတာကတော့ နေ့စဉ်စားသောက်ပေးတဲ့အစားအသောက်တွေ အပေါ်မှာလည်း အပြည့်အဝမူတည်ပါတယ်။ အာဟာရ ပြည့်ဝစွာ မစားသောက်ပေးတာကလည်း ဆံသားတွေကို မွဲခြောက်ပြီး ပျက်စီးစေနိုင်သလို ဆံပင်တွေကိုလည်း အကျွတ်များစေနိုင်ပါတယ်။ ပရိုတိန်း၊ ဗီတာမင် စီ၊ ဗီတာမင် အီးနဲ့ ဇင့်ဓါတ်တွေကို စားသုံးပေးတာကတော့ ဆံသားတွေကို ပြန်လည် အားဖြည့်ပေးစေနိုင်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password