တစ်ပတ်အတွင်း ပိန်ချင်တယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်လုပ်ပေးပါ

မိန်းကလေးတွေတိုင်းက ကိုယ်ခန္ဓာမှာ အဆီပိုတွေ ကင်းစင်ပြီး သွယ်လျတဲ့ကိုယ်လုံးလေးကို လိုချင် မက်မောတတ်ကြပါတယ်။ ကိုယ်ခန္ဓာမှာ အဆီပိုတွေ မရှိတော့ပဲ ပိန်ပိန်သွယ်သွယ်လေး ဖြစ်စေမယ့်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။ တစ်ပတ်အတွင်း ကိုယ်ရည်စစ်ပြီး လှပသွားအောင် နေ့တိုင်း ဒီအချက်လေးတွေကို လိုက်နာပေးပါနော်။ အရင်ဆုံး စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရမှာဖြစ်ပါတယ်။ ခါတိုင်း စားသောက်နေကျ အရာတွေ အကုန်လုံးကို ပြောင်းပြီး အခုပြောပြတာတွေကို ပြုလုပ်ပေးပါ။

ပန်းကန်ပြား အသေးတွေနဲ့ပဲ စားသောက်ပါ

အစားအစာ စားတဲ့အချိန်တွေမှာ ပုံမှန် သုံးနေကျ ထမင်းပန်းကန်တွေအစား ပန်းကန်ပြားအသေးတွေကို ပြောင်းသုံးပါ။ ပန်းကန်ပြား အသေးတွေမှာဆိုရင် အစားအစာ အများကြီး ထည့်လို့ မရတဲ့အတွက် ပန်းကန်အသေးလေးနဲ့ ဆန့်သလောက်ပဲ ထည့်စားပေးပါနော်။ ပန်းကန်သေးလို့ ဆိုပြီးတော့ ထပ်တစ်ခါ ထပ်မထည့်စားမိဖို့တော့ ထိန်းပေးပါ။

အစာစားတဲ့အချိန်ကို သတ်မှတ်ပါ

မနက်စာ နေ့လည်စာ ညစာ ဆိုပြီး အစာ စားတဲ့ အချိန်တွေကို စနစ်တကျ သတ်မှတ်ပါ။ အစာ စားချိန် မမှန်တာကတော့ အဝလွန်တာမျိုး၊ အပိန်လွန်တာမျိုးကို ဖြစ်လာစေနိုင်လို့ပါ။ မနက်စာကိုတော့ မလွတ်ပါစေနဲ့။ မနက်စာကို အာဟာရ ပြည့်ဝအောင် စားသောက်ပေးတာကတော့ တစ်နေ့လုံးစာ လိုအပ်တဲ့အားအင်ကို ပြည့်စေသလို ကျန်အစာတွေကိုလည်း အများကြီး မစားမိအောင် ထိန်းသွားနိုင်မှာ ဖြစ်ပါတယ်။

အသီးအရွက်နဲ့ အသီးအနှံကို ပိုစားပါ

အသားတွေ ငါးတွေ ပဲတွေမှာက ပရိုတင်းဓါတ် ပါဝင်မှု များတဲ့အတွက် ကြီးထွားမှုကို ဖြစ်ပေါ်လာစေဖို့ အားပေးတဲ့အစားအစာတွေ ဖြစ်ပါတယ်။ ပိန်ချင်တယ်ဆိုရင် ကိုယ်တွင်းမှာ မလိုအပ်တဲ့အဆီတွေ ကျချင်တယ် ဆိုရင်တော့ တတ်နိုင်သလောက် ပရိုတင်းဓါတ်တွေကို ရှောင်ရမှာပါ။ အသီးအရွက်နဲ့ အသီးအနှံတွေကို ပိုမို စားသောက်ပေးပါ။ ညစာတိုင်းကို အသီးအနှံတွေနဲ့ အသီးအရွက်တွေကိုပဲ စားသောက်ပေးတာကတော့ ကိုယ်အလေးချိန်ကို သိသိသာသာ လျော့နည်းသွားစေနိုင်ပြီး အသားအရေကိုလည်း ကြည်လင် တောက်ပလာစေနိုင်ပါတယ်။ အစိမ်းရောင်ရှိတဲ့ အရွက်တွေကို ပိုမို စားသုံးပေးတာကတော့ အမျှင်ဓါတ်ကို ပြည့်ဝစေနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်စွာ ပိန်ဖို့ အကောင်းဆုံး ရွေးချယ်မှုလေးပဲ ဖြစ်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password