လှပတဲ့မျက်ဝန်းတစ်စုံရရှိဖို့ သိထားသင့်တဲ့လျှို့ဝှက်ချက်များ

၁။ ရိုးရှင်းတဲ့ ချယ်သမှုတွေကနေဖောက်ထွက်ပါ

နေ့စဉ် အိုင်းရှဲဒိုးချယ်တိုင်း၊ အညိုရောင်ဖျော့ဖျော့၊ ပန်းရောင်ဖျော့ဖျော့လိုအရောင်မျိုးတွေပဲ အသုံးပြုမိနေပါသလား။ မင်းသမီးတွေ၊ မော်ဒယ်လ်တွေရဲ့ဓါတ်ပုံတွေက တောက်ပရွှန်းလဲ့တဲ့မျက်ဝန်းတွေကိုအားကျနေပါသလား။ ဒါဆိုရင် အိုင်းရှဲဒိုးချယ်တဲ့အခါ အရောင်တောက်တောက်တွေကို စမ်းသုံးသင့်ပြီနော်။ စစချင်းမှာ အရောင်တောက်တောက်တွေချယ်သဖို့မဝင့်မရဲဖြစ်နေသေးတယ်ဆိုရင်တော့ ကိုယ့်မှာရှိတဲ့ အရောင်ဖျော့လေးတွေနဲ့ ရောစပ်ချယ်သကြည့်ပါ။

၂။ Eye Cream သုံးပါ

မျက်ခွံလိုမျိုး ပါးလွှာပြီး ထိခိုက်လွယ်တဲ့အသားအရေအတွက် Eye Cream သီးသန့်သုံးပေးဖို့လိုအပ်လှပါတယ်။ Eye Cream က သာမာန် Face Cream တွေထက် မျက်ခွံနဲ့ မျက်လုံးအတွက်ပိုထိရောက်ပါတယ်။ Eye Cream ကိုတော့ ရေခဲသေတ္တာထဲ ထည့်ထားပေးဖို့လိုပါတယ်။

၃။ မျက်ကွင်းညိုသူတွေဆိုရင် ဒီလိုလုပ်ပါ

မျက်ကွင်းညိုသူတွေအတွက် ကွန်ဆီလာကိုမှန်မှန်ကန်ကန်လိမ်းချယ်ရမယ့် နည်းလမ်းကဒီလိုပါ။ ပထမဆုံး Moisture ကို မျက်လုံးအောက်မှာလိမ်းပါ။ အဲ့ဒီနောက် Primer လိမ်းပါ။ နောက်ဆုံးမှာ Concealer ကိုသုံးပါ။ သုံးတဲ့အခါ အရမ်းမများစေဖို့သတိထားပေးပါ။ မျက်ကွင်းညိုသူတွေနဲ့ အလိုက်ဖက်ဆုံးမျက်လုံးချယ်သနည်းကတော့ Smokey Eye ပါပဲ။ (အိပ်ရေးဝဝအိပ်ပေးဖို့လည်း မမေ့နဲ့နော်)

၄။ မျက်အိတ်ဖောင်းသူတွေအတွက် ဒီလိုနည်းလမ်းတွေရှိပါတယ်

မျက်အိတ်ဖောင်းသူတွေက Eye Cream သုံးတဲ့အခါ Caffine ဓါတ်ပါတဲ့ Eye Cream ကိုအသုံးပြုပေးပါ။

၅။ ဝင်းလက်လက်အရောင်လေးတွေကအရွယ်တိုင်းနဲ့လိုက်ဖက်ပါတယ်

အရမ်းကြီးလက်လက်ထနေတာမျိုးမဟုတ်ပဲ အတန်အသင့်ဝင်းလက်လက် Eye Shadow တွေကိုအသုံးပြုပေးပါက မျက်ဝန်းအလှပိုပေါ်စေသလို အသက်အရွယ်တိုင်းနဲ့လဲ လိုက်ဖက်ပါတယ်။

၆။ ကြာရှည်ခံဖို့ Eye Make Up ကိုဘယ်လိုလိမ်းမလဲ

မျက်ခွံနဲ့မျက်လုံးတစ်ဝိုက်ကို Primer အပြည့်လိမ်းချယ်ပါ။ Loose Powder သို့မဟုတ် Translucent Powder အနည်းငယ်လိမ်းပါ။ Eye Shadow လိမ်းပါ။ ထို့နောက်ပေါင်ဒါအနည်းငယ်ထပ်လိမ်းပေးပါ။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password