SEVENTEEN အဖွဲ့ဝင်တွေကိုယ်တိုင်ရွေးထားပေးတဲ့ ရေမွှေးလေးတွေက ဘာတွေဖြစ်မလဲ

ရေမွှေးနံ့လေးတွေက လူတစ်ယောက်၊ အမှတ်တရတစ်ခုကိုသတိရစေတတ်တာမို့လို့ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေရဲ့ ရေမွှေးနံ့လေးတွေဆိုရင် တူတူဆွတ်ချင်တာမျိုးဖြစ်ကြမယ်ထင်ပါတယ်နော်။ ဒါကြောင့် SEVENTEEN အဖွဲ့ကိုချစ်တဲ့ Carat တွေအတွက် The Saem x SEVENTEEN Signature Perfume Collection လေးအကြောင်းပြောပြချင်ပါတယ်။

ဒီ Signature Perfume Collection လေးမှာပါတဲ့ရေမွှေးနံ့လေးတွေအကုန်လုံးက SEVENTEEN member တွေကိုယ်တိုင်ရွေးချယ်ပေးထားတာမို့လို့ Carat တွေအတွက်တော့ အရမ်းကိုလိုချင်စရာကောင်းနေမှာသေချာပါတယ်။ အဖွဲ့ဝင်တစ်ယောက်ချင်းစီနဲ့ သူတို့ရွေးပေးထားတဲ့ရေမွှေးအနံ့လေးတွေကတော့-

1. Scoups – Citrus Floral
2. Jeonghan – Rich Floral
3. Joshua – Clean Cotton

4. Jun – Sweet Vanilla
5. Hoshi – Citrus Green
6. Wonwoo – Aromatic Woody Musk
7. Woozi – Citrus Green Floral
8. The8 – Floral Powdery Sweet

9. Mingyu – Refreshing Floral
10. DK – Floral Rose
11. Seungkwan – Sweet Floral
12. Vernon – Woody Green Floral
13. Dino – Aquatic Fruity Floral တို့ပဲဖြစ်ပါတယ်။

ဘူးပုံစံလေးတွေကအစ အရမ်းချစ်ဖို့ကောင်းပြီး ဘူးခွံပေါ်မှာလည်း SEVENTEEN member တွေရဲ့ message နဲ့ sign ပါပါတာကြောင့် Carat နဲ့ kpop fan တွေအတွက်တော့ လုံးဝဝယ်ထားချင်စရာအတိပါ။ အနံ့လေးတွေကလည်း လူတိုင်းနှစ်သက်တဲ့ လန်းဆန်းစေတဲ့ပန်းအနံ့လေးတွေဖြစ်လို့ Non-kpop fan တွေလည်း ကိုယ်ကြိုက်နှစ်သက်ရာ အနံ့လေးတွေကိုသုံးနိုင်ပါတယ်။

အခုချိန်မှာ ကိုရီးယားက The Saem ဆိုင်တွေမှာပဲရရှိနိုင်တာကြောင့် မြန်မာနိုင်ငံ The Saem ဆီမြန်မြန်ရောက်လာအောင် သွားပူဆာလိုက်ကြရအောင်လား Carat တို့ရေ~ ?

Image Source: www.thesaemcosmetic.com

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password