သဘာ၀ အိမ်တွင်းပစ္စည်းလေးတွေနဲ့ ချိုင်းသားလေးဖြူဖွေးအောင်ပြုလုပ်ကြမယ်

Beauties တို့အားလုံး မင်္ဂလာနံနက်ခင်းလေးပါနော်။  ဒီနေ့မှာတော့ ချစ်ရတဲ့ Beauties တို့အတွက် ချိုင်းသားလေး ဖြုဖွေးအောင် ပြုလုပ်လို့ လွယ်ကူတဲ့ သဘာ၀အိမ်တွင်း ပေါင်းတင်နည်းလေးကိုဖော်ပြသွားချင်ပါတယ်။ ဒီပေါင်းတင်နည်းလေးပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းကလည်း နှစ်မျိုးတည်းပဲဆိုတော့ ပြုလုပ်ရ အရမ်းလွယ်ကူပါတယ်နော်။

ကဲ ပါ၀င်ပစ္စည်းတွေက တော့ ဆန်မှုန့်နဲ့ ရှာလကာရည်ပဲဖြစ်ပါတယ်။ ဆန်မှုန့် ဟာဆိုရင်ဖြင့် အဆီပြန်တဲ့အသားအရည်အတွက် တကယ့်ကယ်တင်ရှင်ကြီးဆိုရင်လည်း မမှားပါဘူးနော်။ ဒီပေါင်းတင်နည်း တခုတည်းအတွက်ပဲ ဆန်မှုန့်က အကျိုးပြုတာမဟုတ်ပါဘူး။ ဒါကြောင့် အိမ်တွင်း မျက်နှာပေါင်းတင်ချင်တယ် ဆိုရင်လည်း အဆီပြန်တဲ့အသားအရည် အတွက် ဆန်မှုန့်နဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်နော်။ ဆန်မှုန့်ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ အဆီ တွေကို အတွင်းဆုံးပိုင်းအထိ သန့်ရှင်းအောင် ပြုလုပ်ပေးနိုင်ပြီး နေရောင်ခြည်ကြောင့် ပျက်စီး သွားတဲ့ မည်းညစ်ခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ရှာလကာရည်ရဲ့ စွမ်းဆောင်ရည်လေးတွေကိုလည်းလေ့လာကြည့်ကြရအောင်။ ရှာလကာရည်ဟာဆိုရင်ဖြင့် ဆဲလ်သေတွေ နဲ့ ဘတ်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ပေါ်စေတဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ဒီလောက်သဘာ၀ပစ္စည်းတွေက ကောင်းမွန်နေမှတော့ Beauties တို့ရဲ့အသားအရည်ကို ဖြူ၀င်းလာစေနိုင်တယ်ဆိုတာ ဧကန်အမှန်ပါပဲနော်။ ပေါင်းတင်ဖို့ ပြုလုပ်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ ဆန်မှုန့် ၂ ဆ နဲ့ ရှာလကာရည် ၁ ဆကို သမအောင်ရောမွှေပေးရမှာပါ။ ( ဥပမာ- ဆန်မှုန့် ၂ ဇွန်းနဲ့ ရှာလကာရည် ၁ ဇွန်း) မပေါင်းတင်ခင်တော့ ချိုင်းသားလေးကို သန့်ရှင်းအောင်ပြုလုပ်ပေးထားရမယ်နော်။ ပြီးရင်တော့ ချိုင်းသားလေးအပေါ်မှာ သင့်တင့်တဲ့ ပမာဏကိုယူပြီး ပေါင်းတင်ပေးရုံပါပဲ။ မိနစ် ၃၀ လောက်ထားပြီးပြီဆိုရင်တော့ ရေနဲ့ ဆေးချလို့ရပါပြီ။ ပုံမှန် ဒီပေါင်းတင်နည်းလေးကို နေ့တိုင်းပြုလုပ်ပေးနိုင်တယ်ဆိုရင်တော့ ၁ လအတွင်း သိသိသာသာ ဖြူ၀င်းလာတာကိုတွေ့ရမှာပါ။

Beauties တို့အားလုံး ဖြူ၀င်းပြီး အနံ့အသက်ကင်းတဲ့ ချိုင်းသားဖြူဖြူလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

image source : www.webcrawler.com, pexels.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password