အသားအရေကို ကြည်လင်သွားစေမယ့် ဆနွင်းနဲ့ မျက်နှာပေါင်းတင်နည်း

အသားအရေဆိုတာကတော့ အပြင်သွားရတဲ့အချိန်မှာ လေတိုက်တဲ့ဒဏ်တွေ နေလောင်တဲ့ဒဏ်တွေကြောင့် အပေါ်ယံအရေပြားပေါ်က ဆဲလ်တွေ ပျက်စီးလာတတ်ပါတယ်။ ဒီလို ပျက်စီးလာတဲ့ဆဲလ်တွေကြောင့် အသားအရေတွေက စိုပြေတောက်ပခြင်းတွေ လျော့နည်းလာပါတယ်။ ဒါကြောင့် အခု ပြောပြပေးချင်တာကတော့ အသားအရေကို ကြည်လင်သွားစေမယ့် ဆနွင်းနဲ့ မျက်နှာပေါင်းတင်နည်းလေးပဲ ဖြစ်ပါတယ်။ ဒီနည်းလေး အတိုင်းပြုလုပ်ပေးပြီး အသားအရေလေးမှာကို ကြည်လင် တောက်ပြောင်သွားအောင် ပြုလုပ်လိုက်နိုင်ပါတယ်။

ပါဝင်တဲ့အရာများ

• နနွင်းမုန့်လက်ဖက်ရည်ဇွန်း တစ်ဝက်
• Apple Cider Vinegar လက်ဖက်ရည်ဇွန်း တစ်ဝက်
• ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• နွားနို့ (သို့) ဒိန်ချဉ် လက်ဖက်ရည်ဇွန်း တစ်ဝက်
• သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဝက် တို့ပဲ ဖြစ်ပါတယ်။

  

ပြုလုပ်ရမယ့်နည်းအဆင့်ဆင့်ကတော့

• အရင်ဆုံးမျက်နှာကို မျက်နှာသစ်ဆေးနဲ့ သေချာ သန့်စင်ပေးပါ။ မျက်နှာမှာ ရှိတဲ့အညစ်အကြေးတွေနဲ့ မိတ်ကပ်တွေကို ပြောင်စင်သွားအောင် မျက်နှာသစ်ပေးပါ။
• ခွက်အလွတ် တစ်လုံး အထဲမှာ နနွင်းမုန့်၊ Apple Cider Vinegar ၊ ဒိန်ချဉ် (သို့) နွားနို့၊ ပျားရည်နဲ့ သံပုရာရည်တွေကို ထည့်လိုက်ပါ။ ပြီးရင် အကုန်လုံး သေချာရောသွားအောင် မွှေပေးပါ။
• ရလာတဲ့အနှစ်လေးတွေကို သန့်စင်ထားတဲ့မျက်နှာအပေါ်မှာ လိမ်းပေးပါ။ လိမ်းတဲ့အချိန်မှာလည်း မျက်လုံးနား တစ်ဝိုက်ကို မထိအောင် လိမ်းပေးပါနော်။ သံပုရာရည်နဲ့ Vinegar ပါဝင်တဲ့အတွက် မျက်လုံးထဲ ဝင်ရင် စပ်တတ်တဲ့အတွက်မို့လို့ပါ။
• မျက်နှာ တစ်ပြင်လုံးကို နှံ့နေအောင် လိမ်းပြီးလို့ ရှိရင် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ မျက်နှာကို ပြန်လည် သန့်စင်ပေးပါ။
• ဒီနည်းလေးကိုတော့ တစ်ပတ် နှစ်ကြိမ် မှန်မှန်ပြုလုပ်ပေးနိုင်ပါတယ်။

မျက်နှာအသားအရေဆိုတာကတော့ အမြဲ ထိန်းသိမ်းပေးရမယ့်အရာပဲ ဖြစ်ပါတယ်။ မထိန်းသိမ်းဘဲ ဒီအတိုင်း နေလိုက်မယ် ဆိုရင်တော့ အရွယ်မတိုင်ခင် အရေးအကြောင်းတွေပါ ဖြစ်ပေါ် လာတတ်တဲ့အတွက် အခု ပြောပြပေးတဲ့နည်းလေးကို တစ်ပတ် နှစ်ကြိမ် မှန်မှန်ပြုလုပ်ပေးပြီး ကြည်လင်တဲ့အသားအရေလေးကို ပိုင်ဆိုင်လိုက်ပါနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password