ခေါင်းလျှော်ရည်ဝယ်တဲ့အခါ အညွှန်းတွေကို ဖတ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

ပျိုမေတို့ရေ ဆံပင်ကို တစ်ရက်ဘယ်နှစ်ခါလျှော်ကြလဲ။ တစ်ပတ်ကို အနည်းဆုံး (၂)ကြိမ်ခန့် ခေါင်းလျှော်သင့်ပါတယ်။ အရည်အသွေးကောင်းပြီး အာမခံချက်ရှိတဲ့ ခေါင်းလျှော်ရည်တွေက ဆံသားကို နူးညံ့စေပြီး တောက်ပမှုကို ပေးစွမ်းပါတယ်။ ခေါင်းလျှော်ရည်ဝယ်ယူတဲ့အခါ ပါဝင်တဲ့ အညွှန်းစာသားတွေကို ဖတ်ကြည့်ဖို့တော့ လိုအပ်တယ်နော်။

ခေါင်းလျှော်ရည်ဝယ်တဲ့အခါ အင်္ဂလိပ်စာနဲ့အညွှန်းရေးထားရင် ပြဿနာမရှိပေမယ့် တခြားဘာသာစကားတွေနဲ့ ဖော်ပြထားတယ်ဆိုရင်တော့ ဖတ်ဖို့ ခက်ခဲနေပါလိမ့်မယ်။ Google translate မှာရှိတဲ့ ကင်မရာကလေ ဘာသာပြန်ပြီး ပါဝင်တဲ့အညွှန်းကို သိနိုင်ပါတယ်။ ဥပမာ အနေနဲပြောရရင် chemical dimethicone ပါတယ်လို့ အညွှန်းကပြောလာခဲ့ရင် အဲဒီခေါင်းလျှော်ရည်ဟာ အဆိပ်အတောက်ဖြစ်စေတယ်လို့ သတ်မှတ်ထားပါတယ်။ နောက်ပြီး ခေါင်းလျှော်ရည်အများစုမှာ ပါဝင်တဲ့ sodium lauryl sulfate (SLS) နဲ့ sodium laureth sulfate (SLES) တို့နဲ့ပတ်သက်ပြီးလည်း အငြင်းအခုန်တွေ ရှိခဲ့ဖူးပါတယ်။

ဒီ sodium lauryl sulfate (SLS) နဲ့ sodium laureth sulfate (SLES)တို့က ကိုယ်တိုက်ဆပ်ပြာတွေထဲမှာ ပါဝင်ပါတယ်။ ကိုယ်တိုက်ဆပ်ပြာမှာတော့ ပြဿနာမရှိပေမယ့် ခေါင်းလျှော်ရည်ထဲမှာပါတယ်ဆိုရင်တော့ ရှောင်ရှားလိုက်တာ အကောင်းဆုံးပါ။ Sodium laureth sulfate (SLES) က ဆပ်ပြာတွေမှာ အမြှပ်များများထဖို့ အသုံးပြုကြပါတယ်။ တချို့ခေါင်းလျှော်ရည်တွေမှာလည်း အမြှပ်ထများအောင် ထည့်သွင်းကြတာကို သိရပါတယ်။

အထက်မှာပြောပြထားတဲ့ ဓာတုပစ္စည်းပါဝင်တဲ့ ခေါင်းလျှော်ရည်တွေနဲ့ မကြာခဏ ခေါင်းလျှော်နေမယ်ဆိုရင် ဆံပင်မှာရှိတဲ့ ပရိုတိန်းဓါတ်တွေကို ဖြိုခွဲလိုက်ပြီး ဆံသားကြီးထွားမှုကို ရပ်တန့်သွားစေပါတယ်။ အိမ်သုံးဆားအဖြစ် လူသိများတဲ့ ဆိုဒီယမ်ကလိုရိုက်ကလည်း ခေါင်းလျှော်ရည်ထဲမှာ sodium lauryl sulfate အဖြစ်ပါဝင်နေပါတယ်။ ဒီ ဆိုဒီရမ်ကလိုရိုက်က ဆံပင်ကျွတ်စေတဲ့အပြင် ဦးရေပြားကို ခြောက်သွေ့ယားယံစေတာကို ပျိုမေတို့ သတိထားပေးပါနော်။

PEG/Polyethelyne ဒါမှမဟုတ်  Polyoxyethelyne လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်ခုလည်း ခေါင်းလျှော်ရည်ထဲမှာ ထည့်သွင်းထားပါတယ်။ ဒီဓာတုပစ္စည်းက ဆံသားနဲ့ ဦးရေပြားရဲ့ အစိုဓာတ်တွေကို ဖယ်ရှားလိုက်ပါတယ်။ ခေါင်းလျှော်ရည် အချို့မှာပါဝင်တဲ့ Diethanolamine (DEA) နဲ့ Triethanolamine (TEA) တို့က လက်ဖက်စိမ်းကနေ ထုတ်ယူထားတာကြောင့် လက်ဖက်စိမ်းထုတ်ကုန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေဆိုရင် ဆံပင်ကျွတ်တာတွေနဲ့ ပျက်စီးတာတွေ ကြုံတွေ့ရနိုင်တာကိုလည်း သတိထားရမယ်နော်။

Parabens ဆိုတာက ခေါင်းလျှော်ရည်တွေ ထုတ်ပိုးတဲ့အခါ ကြာရှည်ခံအောင်သုံးတဲ့ ဓာတုပစ္စည်းတစ်ခုပါ။ ဒီပစ္စည်းကလည်း ပျိုမေတို့ရဲ့ ဆံသားကို အဆိပ်အတောက်ဖြစ်စေပါတယ်။ ဟော်မုန်းမညီမျှတာကို ဖြစ်စေပြီး ဦးရေပြားမှာရှိတဲ့ ဆံသားတွေ ဆုံးရှုံးစေပါတယ်။ ဦးရေပြား ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ဓာတုပစ္စည်းတစ်ခုပါ။

 .  

တချို့ခေါင်းလျှော်ရည်တွေမှာ formaldehyde ပါဝင်တာကို တွေ့ရပါတယ်။ ဒီ formaldehyde က ဆံသားနဲ့ အလွန်အကျွံထိတွေ့လိုက်မယ်ဆိုရင် ဆံပင်ဆုံးရှုံးတာတွေ ကြုံတွေ့ရပါတယ်။ ခေါင်းလျှော်ရည် အများစုမှာ alcohol ပါဝင်တာကို တွေ့ရပါတယ်။ ဒီ alcohol က ဆံသားတွေကို ခြောက်သွေ့စေပါတယ်။

ကဲ..ပျိုမေတို့ရေ ဒီလောက်ဆိုရင် ခေါင်းလျှော်တိုင်း ဘာကြောင့် ဆံပင်ကျွတ်ရတယ်ဆိုတာ သိလောက်ပါပြီ။ ဒါကြောင့် ခေါင်းလျှော်ရည်ဝယ်တိုင်း အညွှန်းကို ဖတ်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password