ဘာကြောင့် Scrub လုပ်ကြသလဲ

Beauties အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေနော်။ ဒီနေ့မှာတော့ Beauties တို့အတွက် Scrub ကို ဘာကြောင့်အသုံးပြုကြလဲ၊ ဘယ်လိုအသုံးပြုရလဲဆိုတဲ့ အကြောင်းလေးကိုဝေမျှသွားချင်ပါတယ်။

ပထမဆုံးအနေနဲ့ Scrub ဆိုတာဘာလဲဆိုတဲ့ အကြောင်းလေးကိုပြောပြချင်ပါတယ်။ Scrub ဆိုတာ အမှန်တကယ်ကတော့ ဆဲလ်သေတွေကို ဖယ်ရှားပြီး ဖြူစင်၀င်းပတဲ့ အသားအရည်လေးဖြစ်လာအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ Treatment ပုံစံမျိုးလို့ပြောရင်လည်းမမှားပါဘူး။ Scrub ကို အခုခေတ်မှာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြပြီး သဘာ၀ပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်များရှိသလို chemical နဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းဆိုပြီး နှစ်မျိုးနှစ်စားလာပါတယ်။ Beauties တို့အနေနဲ့ ကြိုက်နှစ်သက်ရာကို ရွေးချယ်၀ယ်ယူအသုံးပြုနိုင်ပါတယ်နော်။

ဒုတိယအချက်အနေနဲ့ Scrub လုပ်ခြင်းကြောင့် ဘာတွေထူးခြားလာသလဲဆိုတာလေးကို ပြောပြချင်ပါတယ်။ Scrub လုပ်ခြင်းကြောင့် Beauties တို့ရဲ့ အသားအရေတွေ နူးညံ့လာမယ်၊ သန့်ရှင်းလာမယ်၊ ဖြူ၀င်းလာမယ်၊ ပိုပြီးလှပလာပါမယ်။ Scrubbing က ပုံမှန် အသုံးပြုနေကျ cleanser တွေနဲ့မတူပါဘူး ဘာလို့လဲဆိုတော့ Facial Foam တို့ဘာတို့က cream ပုံစံမျိုးဖြစ်ပြီး Scrub ကတော့ သေးမွှားတဲ့ အစေ့လေးတွေ ( ပုံစံအရ သကြားလိုမျိုးအစေ့သေးသေးလေးတွေ) ဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ ဘယ်လိုအသုံးပြုရလဲဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ Scrub product ကို ၀ယ်ယူရပါမယ်။ အသုံးပြုတော့မယ်ဆိုရင် မျက်နှာကို ရေနဲ့ အရင် စိုအောင်ပြုလုပ်ပြီး လိုသလောက်ပမာဏကိုယူပြီး မျက်နှာကို တစ်မိနစ် ခန့် ညင်သာစွာ ပွတ်တိုက်ပေးရပါမယ်။ ပြီးရင်တော့ ရေနဲ့ ဆေးချပေးလို့ရပါပြီ။ Scrub လုပ်ဖို့မသင့်တော်တဲ့သူတွေလဲရှိပါတယ် ( ဥပမာ- ၀က်ခြံအရမ်းထွက်သူတွေ၊ အလက်ဂျစ်ရှိသူတွေ) အဲ့လို ဂရုပိုစိုက်ရမဲ့ သူတွေအနေနဲ့ကတော့ Scrub လုပ်သင့်မလုပ်သင့်ကို အရင်ဆုံး ကျွမ်းကျင်တဲ့ သူတွေကို မေးမြန်းပြီးမှ အသုံးပြုစေချင်ပါတယ်။

ယခုအခါမှာတော့ Scrub ကို Facial, Body and Lip အတွက်ဆိုပြီး ခွဲခြားပြီး ထုတ်လုပ်လာကြပါတယ်။ Beauties တို့အနေနဲ့ သတိပြုရမဲ့ အချက်က တချို့သော Scrub တွေကို အေးတဲ့နေရာမှာ သိမ်းဆည်းရမှာပါပဲ။ ဒါကြောင့် အညွှန်းကို သေချာဖတ်နော်။ Scrubbing ကို များသောအားဖြင့် တပတ် ၂ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်လို့ သင့်တော်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ Beauties တို့ Scrub အကြောင်းတော်တော်သိသွားပြီလို့ထင်တယ်နော်။ Beauties တို့အားလုံး ပျော်ရွှင်စရာနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။

image source : www.webcrawler.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password